အဓိကအကြောင်းအရာသို့ သွားမည်
x

ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနအားကစားအဖွဲ့များထံသို့ အောင်နိုင်ရေးအလံပေးအပ်

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာန အားကစားအဖွဲ့များထံသို့ အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားအသင်းခေါင်းဆောင်များနှင့် အားကစားမောင်မယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အားကစားနည်းအလိုက် လေ့ကျင့်မှုနှင့် စိတ်ဓာတ်ခံယူချက်မြင့်မားရေး၊ အကောင်းဆုံးသည် ပထမဆောင်ပုဒ်အတိုင်း အားကစားအောင်နိုင်ရေးအမှာစကားပြောကြားပြီး အားကစားအသင်းများ၏ အဖွဲ့ခေါင်းဆောင်ကို အားကစားအောင်နိုင်ရေးအလံပေးအပ်ကာ အားကစားမောင်မယ်များအတွက် အာဟာရဖြည့်စွက်စာများပေးအပ်ရာ အားကစားနည်းအလိုက် အသင်းခေါင်းဆောင်များက လက်ခံရယူခဲ့ကြသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ ပြေးခုန်ပစ်၊ ဂေါက်သီးစသည့် အားကစားနည်းခြောက်မျိုးတွင် အားကစားအဖွဲ့ဝင် ၁၁၉ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။