အဓိကအကြောင်းအရာသို့ သွားမည်
x

ပဲမျိုးစုံဆွေးနွေးပွဲ ၂၀၂၅ သို့ ပါဝင်တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ နယူးဒေလီမြို့သို့ ထွက်ခွာ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိကျင်းပမည့် ပဲမျိုးစုံဆွေးနွေးပွဲ ၂၀၂၅ သို့တက်ရောက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းတို့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှလေကြောင်းခရီးဖြင့် နယူးဒေလီမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။