အဓိကအကြောင်းအရာသို့ သွားမည်
x

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်

          မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန်ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါ သည်-

         

(၁)   တိရစ္ဆာန်များကို အပူချိန်မြင့်သောအချိန်တွင် အရိပ်ရှိသောနေရာများ၌ ထားရှိရန် နှင့် အပူချိန်ပြင်းထန်မှုနည်းပါးသော နံနက်နှင့် ညနေမှသာ လွှတ်ကျောင်းခြင်းပြုရန်၊

(၂)   မွေးမြူထားသော တိရစ္ဆာန်များအတွက် သောက်သုံးရေများ လုံလောက်စွာရရှိရေး ကြိုတင်စုဆောင်းရန်နှင့် လေလွင့်ဆုံးရှုံးမှု မရှိအောင် ဆောင်ရွက်ထားရန်၊

(၃)   ပူပြင်းသောဒဏ်ကို ကာကွယ်ရန်အတွက် ရေဓာတ်ပါသော အစာအစားများကို ဖြည့်စွက်ကျွေးမွေးရန်၊

(၄)   တိရစ္ဆာန်များ ရွှေ့ပြောင်းရန်လိုအပ်ပါက သောက်သုံးရေရရှိနိုင်ပြီး အပူဒဏ်မှ       ကာကွယ်နိုင်သော နေရာများ စီစဉ်ထားရှိရန်၊

(၅)   တိရစ္ဆာန်အစာများဖြစ်သည့် ကောက်ရိုး၊ မြက်စို၊ မြက်နုများ စနစ်တကျ ကြိုတင် စုဆောင်းထားရန်၊

(၆)   တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားကျရောက်စေခြင်းမရှိစေရန်အတွက် ကာကွယ် ဆေးများပုံမှန်ထိုးနှံထားရန်၊

(၇)   တိရစ္ဆာန်မွေးမြူထားရှိသော ခြံနှင့် အစာသိုလှောင်ထားသောနေရာများတွင် မီးဘေး အန္တရာယ်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲနှင့် ရေပုံးများ ထားရှိရန်၊

(၈)   တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက  သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြား ပူးပေါင်းဆောင်ရွက်ရန်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန