အဓိကအကြောင်းအရာသို့ သွားမည်
x

ခရမ်းမြို့နယ် ကမာမတ်ကျေးရွာတွင် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများဆေးထိုးသားဖောက်ခြင်းသင်တန်းဆင်း

ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်း ခရိုင်၊ ခရမ်းမြို့နယ် ကမာမတ်ကျေးရွာတွင် (၅-၇-၂၀၂၁ မှ ၉-၇-၂၀၂၁)ရက်နေ့အထိ အခြေခံငါးမွေးမြူရေးနှင့်ရေချိုငါးများဆေးထိုးသားဖောက်ခြင်း သင်တန်းအမှတ်စဉ်(၄/၂၀၂၁)သင်တန်းဆင်းပွဲအခမ်းအနားကို(၉.၇.၂၀၂၁)ရက်နေ့ကခရမ်းမြို့နယ်၊ ကမာမတ်ကျေးရွာတွင် ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးတင်ထွဋ်၊ တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဦးစောမြင့်ဆွေ၊ တောင်ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးအေးနိုင်၊ တောင်ပိုင်းခရိုင်အတွင်းရှိငါးလုပ်ငန်းဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးရဲမွန်အောင်၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။ ဒုတိယတိုင်းစီးမှူးမှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ခဲ့ပါသည်။ ထို့နောက် ကျွဲသလင်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာသို့ ခွင့်ပြုချက်မရရှိဘဲ ငါးမွေးကန်များ တူးဖော်ထား၍ တရားစွဲ ဆိုထားသည့် ငါးကန်များသို့ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။