အဓိကအကြောင်းအရာသို့ သွားမည်
x

စက်မှုလယ်ယာဦးစီးဌာနOnline Training Video Conferencing စနစ်ဖြင့်သင်တန်းဖွင့်ပွဲကျင်းပ

စက်မှုလယ်ယာဦးစီးဌာန၊နေပြည်တော်၊ဇေယျာသီရိမြို့စက်မှုလယ်ယာသင်တန်းကျောင်းရေဆင်း၌ (၆.၁၂.၂၀၂၁)ရက်နေ့၊နံနက်၉:၃၀နာရီတွင်မြို့နယ်ဦးစီးဌာနမှူး (လုပ်ငန်းခွင်) သင်တန်းအမှတ်စဉ် (၁/၂၀၂၁-၂၀၂၂) အား Online Training Video Conferencing စနစ်ဖြင့်ဖွင်လှစ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲတွင်စက်မှုလယ်ယာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်၊ဦးနိုင်ဝင်းမှအဖွင့် အမှာစကားပြောကြားခဲ့ပါသည်။သင်တန်းဖွင့်ပွဲသို့စက်မှုလယ်ယာဦးစီးဌာနရုံးချုပ်မှဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ၊စက်မှုလယ်ယာသင်တန်းကျောင်း(ရေဆင်း)မှကျောင်းအုပ်ကြီးနှင့်သင်တန်း ဆရာ/ဆရာမများ၊သင်တန်သားမြို့နယ်ဦးစီးဌာနမှူးများတက်ရောက်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် စက်မှုလယ်ယာဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် စက်မှုလယ်ယာစနစ်သို့ အပြည့်အဝကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ လုပ်ငန်းစီမံချက်များ ၊ နည်းပညာသစ်စက်ကိရိယာများနှင့် စက်မှုလယ်ယာဗဟုသုတများ၊ခေတ်နှင့်အညီပြောင်းလဲလာသောလမ်းညွှန်ချက်များ၊လုပ်ထုံးလုပ်နည်းများ၊စီမံခန့်ခွဲရေးနှင့်ငွေစာရင်းဆိုင်ရာလိုက်နာဆောင်ရွက်သင့်သည်များကိုစက်မှုလယ်ယာဦးစီးဌာနမှပို့ချသင်ကြားပေးသွားမှာဖြစ်ပါ သည်။မြို့နယ်ဦးစီးဌာနမှူးများသည်လည်းမိမိတို့တာဝန်ထမ်းဆောင်ရာနယ်ပယ်အသီးသီး၌စက်မှုလယ်ယာကူးပြောင်းရေးလုပ်ငန်းစဉ်များအားအကောင်အထည်ဖော်   ဆောင်ရွက်ရာမှာသိသင့်သိထိုက်သည့်စီမံချက်၊လုပ်ထုံးလုပ်နည်း၊ညွှန်ကြားချက်များ၊နည်းပညာများကိုသိရှိနားလည်စေမည်ဖြစ်ပြီးလုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါသည်။

သင်တန်းသို့  တိုင်းဒေသကြီး (၄)ခု မှ စက်မှုလယ်ယာစခန်း ၊   မြို့နယ်ဦးစီးဌာနမှူး(၄၀)ဦးတက်ရောက်ပြီးသင်တန်းကာလမှာ(၆.၁၂.၂၀၂၁) ရက်နေ့မှ(၁၃.၁၂.၂၀၂၁)ရက်နေ့ထိဖြစ်ပါသည်။