အဓိကအကြောင်းအရာသို့ သွားမည်
x

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ အမှတ်(၁၃)စက်မှုလယ်ယာစခန်း၊မြန်အောင်မြို့နယ်တွင် (၇.၁၂.၂၀၂၁)ရက်နေ့၊ နံနက်(၉:၀၀)နာရီ၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူပညာပေးသင်တန်းကို စက်မှုလယ်ယာစခန်း၌ ဖွင့်လှစ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲသို့ စက်မှုလယ်ယာဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးဌာနမှူး၊ အမှတ်(၂) အလတ်စားစက်ပြင်အလုပ်ရုံ အလုပ်ရုံမှူး၊ မြို့နယ်ဦးစီးဌာနမှူးနှင့် အမှတ်(၁၃)စက်မှုလယ်ယာ စခန်းမှ ဝန်ထမ်းများ၊ သင်တန်းသားများတက်ရောက်ကြပါသည်။

သင်တန်းသို့မြန်အောင်မြို့နယ်အတွင်းရှိ ထန်းသုံးပင်ကျေးရွာအုပ်စု၊ တာခွတဲကြီးကုန်း ကျေးရွာအုပ်စု၊ ကွင်းကြီးဒေါင့်ကျေးရွာအုပ်စုများမှ သင်တန်းသား(၃၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၇-၁၂-၂၀၂၁)ရက်နေ့မှ (၁၈-၁၂-၂၀၂၁)ရက်နေ့ထိဖြစ်ပါသည်။