အဓိကအကြောင်းအရာသို့ သွားမည်
x

ငါးအမိုင်နို ဓာတုရွက်ဖျန်းအားဆေးရည်

ငါးအမိုင်နိုရွက်ဖျန်းအားဆေးရည်ဆိုသည်မှာ ငါးအရိုးစုံ ၊ တင်လဲရည်နှင့် ရေတို့ ရောစပ်ထားသော အားဆေးရည်ဖြစ်ပါသည်။ ငါးအမိုင်နိုရွက်ဖျန်းအားဆေးရည်ပြုလုပ်မည်ဆိုပါက ငါးအရိုးစုံ(၂)ပိသာကို နုတ်နုတ်စဉ်းပြီး တင်လဲရည်(၂)လီတာနှင့် ရေ(၆)လီတာတို့ဖြင့် ရောစပ်ပြီး  သမအောင်ရောမွှေရပါမည်။ ၎င်းနောက် အဝတ်ပါးပါးဖြင့် ဖုံးအုပ်ပေးပြီး အေးမြသောနေရာတွင်ထား၍ တစ်နေ့(၁)ကြိမ်မွှေပေးရပါမည်။ တစ်လကြာလျှင် အဖတ်များကို ‌ရေစစ်ဖြင့်စစ်ပြီး  စစ်ထုတ်ရည်ကိုစတင်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ စစ်ထားသောအရည်များကို(၃)လအတွင်း သုံးစွဲရပါမည်။

သုံးစွဲပုံမှာ သီးနှံများစိုက်ခါစတွင် အားဆေးရည်(၃၀)စီစီနှင့် ရေ(၁)ဂါလံရောစပ်၍ (၂)ရက်ခြား တစ်ခါဖျန်းပေးရပါမည်။ စိုက်ပြီး(၇)ရက်သားတွင် ဆေးရည်(၆၀)စီစီနှင့် ရေတစ်ဂါလံရောစပ်၍ ဖျန်းရမည် ဖြစ်ပြီး၊ အပင်အခြေအနေပေါ်မူတည်၍ အဆတိုးဖျန်းပေးရန် လိုအပ်ပါသည်။ အားဆေးရည် အာနိသင်ပိုမို ကောင်းမွန်စေရန် မနက်နေထွက်ချိန်တွင် ဆေးဖျန်းအသုံးပြုသင့်ပါသည်။

ငါးအမိုင်နိုအားဆေးရည်ကိုအသုံးပြုခြင်းဖြင့် သီးနှံပင်များ၏အရည်အသွေးကိုပိုမိုကောင်းမွန်စေပြီး ဓာတုရွက်ဖျန်းအားဆေးများသုံးစွဲမှုကို လျှော့ချနိုင်ခြင်းကြောင့် ကုန်ကျစရိတ် သက်သာစေပါကြောင်း ဖော်ပြအပ်ပါသည်။