အဓိကအကြောင်းအရာသို့ သွားမည်
x

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)တောင်သူပညာပေးသင်တန်းဖွင့်လှစ်ခြင်း

မွန်ပြည်နယ်၊ အမှတ်(၅၄)စက်မှုလယ်ယာစခန်း၊မော်လမြိုင်မြို့တွင် (၁၃.၁၂.၂၀၂၁) ရက်နေ့၊ နံနက်(၉:၀၀)နာရီ၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူ ပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၂၁)ကို စက်မှုလယ်ယာစခန်း၌ ဖွင့်လှစ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲသို့ စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး၊ ခရိုင်ဦးစီးဌာနမှူး၊ မြို့နယ်ဦးစီးဌာနမှူး၊ စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များနှင့် သင်တန်းသားများတက်ရောက်ကြပါသည်။သင်တန်းသို့တောင်သူသင်တန်းသား(၃၅)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ(၁၃-၁၂-၂၀၂၁)ရက်နေ့မှ (၂၄-၁၂-၂၀၂၁)ရက်နေ့ထိဖြစ်ပါသည်။