အဓိကအကြောင်းအရာသို့ သွားမည်
x

“စပါးအဖိုဝတ်မှုန်အိတ်မွေးမြူနည်းနှင့် Marker Assisted Selection(MAS)နည်းတို့ဖြင့် မွေးမြူရရှိလာသော ဆင်းသုခ SBDH မျိုးလိုင်းများအား ဒုတိယအဆင့် အထွက်ယှဉ်ပြိုင်ခြင်း” သုတေသနလုပ်ငန်းဆောင်ရွက်လျက်ရှိ

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာနှင့် သီးနှံကာကွယ်ရေးသုတေ သနဌာနခွဲ၊ အပင်ဇီဝကမ္မဗေဒသုတေသနဌာနစုတွင် ၂၀၂၀-၂၀၂၁ မိုးရာသီ၌ “စပါးအဖိုဝတ်မှုန် အိတ် မွေးမြူနည်းနှင့် Marker Assisted Selection(MAS) နည်းတို့ဖြင့် မွေးမြူရရှိလာသော ဆင်းသုခ SBDH မျိုးလိုင်းများအား ဒုတိယအဆင့် အထွက်ယှဉ်ပြိုင်ခြင်း” သုတေသနကို အဖိုဝတ်မှုန်အိတ်မွေးမြူနည်းနှင့် Marker Assisted Selection(MAS)နည်းတို့ကို အသုံးပြု၍ ဘတ်တီးရီးယားရွက်ခြောက်ရောဂါဒဏ်နှင့် ရေမြှုပ်ဒဏ်ခံနိုင်ရည်ရှိသော ဆင်းသုခစပါးမျိုးလိုင်း သစ်ကို ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။

၂၀၁၅-၁၆ခုနှစ်တွင် ဆင်းသုခနှင့် Swarna Sub-1 တို့ကို မျိုးစပ်ခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ရရှိလာသော သားဆက်(F1)ကို စိုက်ပျိုးခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ မိုးရာသီတွင် Double Haploid (DH) လိုင်းများကို ရွေးချယ်ခဲ့ပြီး ၂၀၁၇ခုနှစ် မိုးကြိုတွင် သားဆက်လိုင်းအားလုံးကို Marker ဖြင့် စစ်ဆေးရွေးချယ်ခဲ့ရာ (၃၈ လိုင်း)ရရှိခဲ့ပါသည်။

၂၀၁၇ခုနှစ် မိုးရာသီတွင် ရွေးချယ်ရရှိခဲ့သော သားဆက်(၃၈)လိုင်းကို အဆင့်ဆင့် စိုက်ပျိုး ရွေးချယ်ခဲ့ပါသည်။ ၂၀၂၀-၂၁ခုနှစ် မိုးကြိုတွင် သားဆက်လိုင်း(၂၀)ကို ပဏာမအဆင့် အထွက် ယှဉ်ပြိုင်ခြင်း သုတေသနကို လုပ်ဆောင်ခဲ့ပါသည်။ အပင်ဇီဝကမ္မဗေဒသုတေသနဌာနစုအနေဖြင့် ယခု မိုးရာသီတွင် ဒုတိယအဆင့် အထွက်ယှဉ်ပြိုင်ခြင်း စမ်းသပ်ကွက်ကို ဆက်လက်သုတေသနပြု ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။