အဓိကအကြောင်းအရာသို့ သွားမည်
x

ငမိုးရိပ်ရေလှောင်တမံမှ ရေဖောက်ချမည်ဟု သတင်းဖြစ်ပေါ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း

     ငမိုးရိပ်ရေလှောင်တမံသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် တည်ရှိပြီး တမံအမြင့် (၇၅) ပေ၊ အလျား (၁၅၅၀၀) ပေ၊ ရေလှောင် ပမာဏ (၁၈၀၀၀၀) ဧကပေ၊ လယ်မြေဧရိယာ (၃၀၅၆၇) ဧကကို စိုက်ပျိုးရေပေးဝေလျက်ရှိသည့်အပြင် ရန်ကုန်မြို့တော် သောက်သုံးရေအတွက်လည်း နေ့စဉ် ရေဂါလန် (၁၃၀) သန်း ပေးဝေလျက်ရှိပါသည်။ ရေလှောင် တမံတွင် ရေထုတ်နုတ်နိုင်သည့် ရေအားအဆောက်အအုံ အဖြစ် ရေထုတ်ပြွန်() ခု၊ ရေပိုလွှဲ () ခု နှင့် အကူရေပိုလွှဲ () ခု သာပါ ရှိပါသည်။ အခြားရေဖောက်ချ၍ရသည့် နေရာ မရှိပါ။

     ငမိုးရိပ်ရေ‌လှောင်တမံသည် ၅.၉.၂၀၂၃ နေ့ ၁၂:၀၀ နာရီမှစ၍ ကန်ရေပြည့် သိုလှောင်နိုင်သည့် ပမာဏထက် ရေဝင်ရောက်မှုဖြစ်ပေါ်လာသဖြင့် ရေပိုလွှဲမှ စတင်ရေကျော်ကာ မူလချောင်းအတွင်းသို့ ပြန်လည်စီးဆင်းခဲ့ပါသည်။ ထိုသို့ ပုံမှန်ရေကျော်စီးဆင်းနေခဲ့ရာမှ ၆.၁၀.၂၀၂၃ မှ ၁၁.၁၀.၂၀၂၃ နေ့အထိ ရေလှောင်တမံ၏ ရေဆင်းဧရိယာနှင့် ရေလှောင်တမံ၏ အောက်ဘက် ဧရိယာများတွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ရာ စုစုပေါင်းမိုးရေချိန် (၁၄.၉၀) လက်မ အထိ ထူးကဲစွာ ရွာသွန်းခဲ့ပါသည်။

     ထို့ကြောင့် ငမိုးရိပ်ရေလှောင်တမံ၏ ရေပိုလွှဲတွင် ပုံမှန်ရေကျော်စီးဆင်းလျက်ရှိရာ မှ (၈.၁၀.၂၀၂၃) နေ့ ၂၁:၀၀ နာရီတွင် (၆.၁) ပေအထိ အမြင့်ဆုံးရောက်ကာ ရေကျော်စီးဆင်းခဲ့ပါ သည်။ ရေကျော်စီးဆင်းသည့် ရေများသည် မူလ ငမိုးရိပ်ချောင်းအတွင်းသို့ စီးဆင်းခြင်း၊ ရေလှောင်တမံ၏ အောက်ဒေသများတွင် မိုးများရက်ဆက် ရွာသွန်းခဲ့သဖြင့် ကွင်းရေများ၊ ချောင်းရေများ စုပေါင်း စီးဝင်လာသောကြောင့် ငမိုးရိပ်ချောင်းရေမြင့်တက်ကာ ရေကြီးရေလျှံမှု များ ဖြစ်ပေါ်ခဲ့ပါ သည်။

     ငမိုးရိပ်ရေလှောင်တမံတွင် (၇.၇.၂၀၀၇) နေ့တွင် ရေပိုလွှဲမှ (၆.၁၅) ပေ ကျော်လွန် စီးဆင်းခဲ့ဘူးပါသည်။ လက်ရှိ ၁၃.၁၀.၂၀၂၃ နေ့ နံနက် ၀၆:၀၀ နာရီ ရေပိုလွှဲမှ (၄.၇၅) ပေသာ ကျော်လွန် စီးဆင်းလျှက်ရှိပြီး ရေအမှတ်များ ဆက်တိုက်လျော့ကျလာလျက်ရှိပါသည်။ လက်ရှိ ရေအမြင့်အရရေလှောင်တမံပေါ်သို့ ရေကျော်နိုင်သည့်အခြေအနေလုံးဝမရှိပါကြောင်း၊  ရေလှောင် တမံ၏ ကြံ့ခိုင်မှုအခြေအနေမှာ လုံခြုံစိတ်ချရသည့် အခြေအနေ ဖြစ်ပါသည်။

     အများပြည်သူ စိတ်ပူပန်နေရသည့် အနေအထားမရှိပါကြောင်းနှင့် ရေလှောင်တမံ တွင် ရေဖောက်ချရမည့် နေရာ၊ အဆောက်အအုံ မပါရှိခြင်း၊ ဖောက်ချသည့် ဖြစ်စဉ်မျိုးလည်း မရှိခြင်း၊ ဆောင်ရွက်ရန်လည်း မရှိ ခြင်းတို့ကြောင့် ငမိုးရိပ်ရေလှောင်တမံကြောင့် ချောင်းရေ   ထပ်မံမြင့်တက်လာရန်လည်း မရှိပါကြောင်း ရှင်းလင်းဖော်ပြအပ်ပါသည်။

     ငမိုးရိပ်ရေလှောင်တမံတွင် ကြိုတင်ရေးဆွဲထားသည့် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက်(EPP- Emergency Preparedness Plan) ပါအတိုင်း ရေပိုလွှဲမှ ရေစတင်စီးဆင်းသည့် အချိန်မှစ၍ တမံအောက်ဘက်ရှိကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်သူများသို့ စိုးရိမ်မှုမရှိစေရေး အသိပေး အကြောင်းကြားထားရှိပြီး တမံ အောက်ဘက်ရှိ ဒေသခံများ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် EPP ပါ စီမံချက်အတိုင်း စီမံဆောင် ရွက်လျက်ရှိပါသည်။

 

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန