အဓိကအကြောင်းအရာသို့ သွားမည်
x

အမရပူရမြို့၌ အယ်လ်နီညိုရာသီဉတုဖြစ်စဉ်ပြောင်းလဲမှုနှင့်ပတ်သက်၍ ငါးမွေးမြူခြင်းလုပ်ငန်းအပေါ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်ငါးလုပ်ငန်းဦးစီးဌာနက အမရပူရမြို့နယ်အတွင်း ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် ငါးမွေးမြုရေးလုပ်ငန်းရှင်များအား အယ်လ်နီညိုရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ငါးလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့်ကြိုတင်ကာကွယ် နိုင်ရေး အသိပညာပေးဟောပြောပွဲကို ရေဘုတ်ကျေးရွာနှင့် မုတ်ပုလဲကျေးရွာတို့တွင် ဟောပြောသည်။

             အသိပညာပေးဟောပြောရာတွင် ခရိုင်တာဝန်ခံဦးဌေးမင်းက အယ်လ်နီညိုကြောင့် ဖြစ်ပေါ် လာနိုင်သည့် ဖြစ်စဉ်များသည်မတူညီကြောင်း၊ အယ်လ်နီညိုကြောင့်အပူချိန်လွန်ကဲခြင်း၊ မိုးရွာသွန်းမှု ပုံစံမူမမှန်သောကြောင့် မိုးများပြီးရေလွှမ်းမိုးမှုများ ကြုံတွေ့လာနိုင်သဖြင့် ငါးမွေးတောင်သူများအနေဖြင့် မိမိတို့၏ ငါးမွေးကန်များအား စဉ်ဆက်မပျက်စောင့်ကြည့်ပြီး ငါးထုတ်လုပ်မှုကျဆင်းမှုမရှိစေရေး ဆောင်ရွက်စေလိုကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှလည်း ငါးမွေးကန်များ အပူချိန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရေး၊ ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး သတိပေးနှိုးဆော်ချက် လက်ကမ်းစာစောင်များကို ဟောပြောပွဲတက်ရောက်လာသည့် ငါးမွေးမြူ သူလုပ်ငန်းရှင်(၄)ဦး၊ ငါးမွေးကန်ရေလုပ်သား(၁၂)ဦးစုစုပေါင်း(၁၆)ဦးတို့ကို ဖြန့်ဝေပေးခဲ့ပြီး မရှင်းလင်း သည့်အချက်အလက်များရှိပါကပြန်လည် ဆွေးနွေးမေးမြန်းနိုင်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။