အဓိကအကြောင်းအရာသို့ သွားမည်
x

တွံတေးငါးလုပ်ငန်းစခန်း၌ အယ်လ်နီညို ရာသီဥတုကြောင့် ငါးလုပ်ငန်းကဏ္ဍအပေါ်သက်ရောက်နိုင်မှုများ ကြိုတင်ကာကွယ်ရေးအသိပညာပေး

တွံတေး အောက်တိုဘာ ၂၃

ရန်ကုန်တိုင်း​ဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ တွံတေးမြို့၊ တွံ​တေးငါးလုပ်ငန်း စခန်း၌ အယ်လ်နီညို ရာသီဥတု​ပြောင်းလဲမှုဖြစ်စဥ်နှင့် ပတ်သက်၍ ငါးလုပ်ငန်းကဏ္ဍအပေါ် သက် ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေးအသိပညာ​ပေး​ဟော​ပြောပွဲအား ယနေ့ နံနက် ၉ နာရီက အဆိုပါစခန်း သင်တန်းခန်းမ၌  အသိပညာ‌​ပေးဟောပြောပွဲပြုလုပ်သည်။

အဆိုပါဟောပြောပွဲတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်က အသိပညာပေး ဟောပြောရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ပြောကြားသည်၊ ထို့နောက် တွံတေးငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်မိမိခိုင်က အယ်လ်နီညိုရာသီဥတုဖြစ်ပွားရခြင်းနှင့် ဖြစ်ပေါ်မှုကြောင့် ငါးမွေးမြုရေး ကဏ္ဍအ​ပေါ် သက်​ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရန် အချက်များ၊ ဖြစ်ပွားနေချိန်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဖြစ်ပွားပြီးချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရမည့် အချက်များ၊​ ရေကြီးနစ်မြုပ်မှုနှင့် အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရေး​ ဆောင် ရွက်ရမည့်လုပ်ငန်းများကို အသိပညာ​ပေး ရှင်းလင်းဟောပြောသည်။

ဟော​ပြောပွဲသို့ တွံ​တေးမြို့နယ်အတွင်းရှိ ငါး​မွေး​မြူ​ရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် ​ရေလုပ်သားများ စုစု​ပေါင်းအင်အား ၃၅ ဦးတက်​ရောက်ခဲ့ကြောင်း သိရသည်။