အဓိကအကြောင်းအရာသို့ သွားမည်
x

ဝါးကတုတ်တမံပိတ်ဆောင်ရွက်ခြင်းနှင့် နွေစပါးစိုက်ပျိုးရေ ပေးဝေရန် တူးမြောင်းပြင်ဆင်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ဝါးကတုတ်မြေသားတမံပိတ်ဆောင်ရွက်ခြင်းနှင့် နွေစပါး စိုက်ပျိုးရေပေးဝေရန် တူးမြောင်းပြင်ဆင်ခြင်းလုပ်ငန်းအား ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဥ် ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြား‌ ရေးမှူးက ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာ ဘုရားလေးကျေးရွာနှင့် ရွာသစ်ကျေးရွာများတွင်နွေစပါးစိုက် ပျိုး ရန် ရေပေးဝေမည့် ဝါးကတုတ်ချောင်းပိတ် မြေသားတမံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကံဘဲ့တမံပိတ်လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဆွေးနွေးမှာကြားပြီး ဒေသခံတောင် သူများနှင့် တွေ့ဆုံ၍ ဝါးကတုတ်ချောင်းပိတ် မြေသားတမံ တည် ဆောက်ခြင်းကြောင့်နွေစပါးစိုက်ပျိုး ရေပိုမိုရရှိမည်ဖြစ်ကြောင်း၊ နွေစပါးစိုက်ဧကများတိုးတက်၍ ပန်းတိုင်အထွက်နှုန်းရရှိရန်အတွက် ကြိုးစား‌ ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေရရှိသည်နှင့် သက်တမ်းတို မျိုးကောင်း မျိုးသန့်စပါးမျိုးများ ရွေးချယ်စိုက်ပျိုးကြရန်လိုကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေ ဖြင့် နွေစပါး ဧက ၃ သန်းကျော်အထိ တိုးချဲ့စိုက်ပျိုးရန် လျာထားပြီး ပဲခူး တိုင်းဒေသကြီးအနေဖြင့် ယခုနှစ် နွေစပါး  ၄၆၀၇၃၈ ဧက၊ ဆောင်းသီးနှံ ၃၁၀၆၇၆၅ ဧက၊ နွေနှမ်း ၁၀၀၀ စိုက်ပျိုးရန်လျာထားကြောင်း၊ဌာနဆိုင်ရာတာဝန်ရှိသူများ အနေ ဖြင့် တောင်သူများတင်ပြလာသည့် မျိုးစေ့လိုအပ်ချက်၊ထွန်ယက် စိုက် ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦး စီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့နှင့်ချိတ်ဆက်ပေးကြရန်လိုကြောင်း၊ ၃ သီး စိုက်ဧကများ ပိုမိုတိုးချဲ့စိုက် ပျိုးနိုင်ရေး ဆွေးနွေးမှာကြားသည်။

ဝါးကတုတ်မြေသားချောင်းပိတ်တမံသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေး ရွာအုပ်စုအတွင်း တည်ရှိပြီး ရန်ကုန်-မန္တလေး အမြန်လမ်း ၄၆ မိုင်၊ ၂ ဖာလုံတွင်ရှိသော ဝါးကတုတ်ရေလှောင်တမံမှ သိုလှောင်ရေကို ဝါးကတုတ်ချောင်းအတွင်းသို့ ထုတ်လွှတ်ပြီး၊ မြေသားတမံပိတ်ကာ ရေသွယ်ယူ၍ နွေစပါး ၁၅၅၂ စိုက်ပျိုးရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် နွေစပါး ၉၉၂ ဧက စိုက်ပျိုးခဲ့ပြီး၊ ၂၀၂၄ ခုနှစ်တွင် ၅၆၀ ဧက တိုးချဲ့ကာ၊ စုစုပေါင်း နွေစပါး ၁၅၅၂ ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးမြစ်တာ (ပန်းလှိုင်၊ ပုဏ္ဏားစု၊ မုန်တိုင်) တာမိုင် (၀/၀မှ ၁/၄)အတွင်း တာမြှင့်တင်၍ အခိုင်အမာ ပြုပြင်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက ပဲခူးမြစ်တာ တာမိုင်(၁/၄ မှ ၂/၀)အတွင်း တာအမြင့်မြှင့်တင်၍ အခိုင်အမာပြုပြင်ခြင်း၊ ဂဝံခင်းခြင်းလုပ်ငန်း၊ ပဲခူးမြစ်တာ တာမိုင်(၃/၅ မှ ၄/၀)အတွင်း တာမြှင့်တင်၍ တာပုံစံကျပြုပြင်ခြင်းလုပ်ငန်း၊ ပဲခူးမြစ်တာ(တာမိုင် ၁/၂ မုန်တိုင်)၊ (၂/၀ မုန်တိုင်)၊ (၂/၂ မြို့ကလေး)၊ (၃/၅ ပုဂံစု) ရေကျော်၍ ပျက်စီးမှုများအား ပြုပြင်ခြင်းလုပ်ငန်း၊ ကျောက်ကြီးစုတာအား တာမြှင့်တင်၍ အခိုင်အမာ ပြုပြင်ခြင်း ဂဝံခင်းခြင်းလုပ်ငန်း၊ ညောင်ဝိုင်း(၁၉)လမ်းတာနှင့် ကြခတ်ဝိုင်းတာ ပြင်ဆင်ခြင်း၊ တာမြှင့်တင်ခြင်း၊ မူလရှိသည့် ဂဝံများကို စုစောင်း၍ ပြန်ခင်းခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အရည်အသွေး ပြည့်မီစွာဆောင်ရွက်၍သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင် ရွက်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ရေဘေးကာကွယ်ရေး တာများနှင့်ပတ်သက်၍ အခိုင်အမာပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် အခိုင်အမာဆောင် ရွက်နိုင်မှုမရှိသောရေ‌ဘေးကာကွယ် ရေးတာများကိုလည်း လာမည့်နှစ် မိုးရာသီကာလတွင် ရေကြီးနစ်မြုပ်မှုအန္တရာယ် ကြိုတင်ကာကွယ်ရေး အချိန်နှင့်တစ်ပြေးညီတင်ပြပေါင်း စပ်စီမံဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားခဲ့ကြောင်းသတင်းရရှိသည်။