| ဝန်ဆောင်မှု ကဏ္ဍ | 
 | 
| ခေါင်းစဉ် | ပထမနှစ်ဝင်ခွင့် လျှောက်လွှာခေါ်ယူခြင်း | 
| သင်တန်းကာလ | (၅)နှစ်သင်တန်း | 
| ဝင်ခွင့် အရည်အချင်းသတ်မှတ်ချက် | (က) ဝင်ခွင့်လျှောက်ထားချိန်၌တည်ဆဲနိုင်ငံသား ဖြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။ (ခ ) တက္ကသိုလ်ဝင်စာမေးပွဲတွင်မြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊ရူပဗေဒ၊ ဓာတုဗေဒ၊ဇီဝဗေဒဘာသာတွဲဖြင့်အောင်မြင်သူဖြစ်ရမည်။ (ဂ ) တက္ကသိုလ်ဝင်စာမေးပွဲတွင်စုစုပေါင်းရမှတ် (၃၈၀)နှင့်အထက်ရရှိသူ ဖြစ်ရမည်။ (ဃ) ကွင်းလက်တွေ့လုပ်ငန်းများတွင်ကျောင်းသား၊ကျောင်းသူများကိုယ်တိုင် ပါဝင်လေ့ကျင့် လုပ်ဆောင်ကြရမည်ဖြစ်ပါသဖြင့်လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် ကျန်းမာရေး(က)အဆင့် ရှိပြီး ကိုယ်လက်အင်္ဂါပြည့်စုံသူဖြစ်ရမည်။ | 
| လိုအပ်သောစာရွက်စာတမ်း များနှင့်အထောက်အထားများ | (က) တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်းသက်ဆိုင်ရာကျောင်းအုပ်ကြီး ၏ထောက်ခံချက်(မူရင်း) (ခ ) အမှတ်စာရင်း(မူရင်း) (ဂ ) လျှောက်ထားသူနှင့်မိဘနှစ်ပါးတို့၏နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ) (ဃ) အကျင့်စာရိတ္တကောင်းမွန်ကြောင်းရဲစခန်း၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့်သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့၏ထောက်ခံ ချက်(မူရင်း) (င ) လိုင်စင်ဓာတ်ပုံ (၃)ပုံ | 
| လျှောက်လွှာ လက်ခံမည့် ဌာန | ကျောင်းသားရေးရာဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် | 
| ဆက်သွယ်ရန် ဖုန်းနံပါတ် | ၀၆၇ - ၄၁၆၅၁၂ နှင့် ၀၆၇ - ၄၁၆၅၁၃ | 
| လျှောက်လွှာပေးပို့ရမည့် လိပ်စာ | ကျောင်းသားရေးရာဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်။ | 
| ထပ်မံ ဖြည့်စွက်ချက် | သတ်မှတ်ရက်ထက် နောက်ကျသောလျှောက်လွှာများ၊ မပြည့်စုံသော လျှောက်လွှာ များအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ မမှန်မကန်ဖော်ပြ၍ လျှောက်ထားကြောင်း စစ်ဆေးတွေ့ရှိပါ ကရွေးချယ်ခြင်းခံရစေကာမူ ပယ်ဖျက်ခြင်း၊တက္ကသိုလ်မှထုတ်ပယ်ခြင်းခံရမည်။ | 
 
 




 Â G2C ,       G2B,       G2G,       G2V
   Â G2C ,       G2B,       G2G,       G2V