အဓိကအကြောင်းအရာသို့ သွားမည်
x

ဝန်ဆောင်မှုခေါင်းစဉ်

တောင်သူများ၏စိုက်ပျိုးရေးဆိုင်ရာနည်းပညာ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန် Call Center ဖွင့်လှစ်ဆောင်ရွက်ခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ် ချက်များသတ်မှတ်ထားခြင်းရှိပါက ဖော်ပြပေးပါရန်

-မရှိပါ-

ဝန်ဆောင်ခ

ဝန်ဆောင်ခပေးဆောင်ရခြင်းမရှိပါ။

လိုအပ်သောစာရွက်စာတမ်းများ

-

ဝန်ဆောင်မှုပေးသည့် ဌာနအား ဆက်သွယ်ရမည့်လိပ်စာ

  • Hot Line နံပါတ်  - ၀၁-၂၃၉၉၅၅၅
  • ကြိုးဖုန်းနံပါတ်      - ၀၆၇-၄၁၀၁၃၉
  • Viber ဖုန်းနံပါတ်  - ၀၉-၇၆၄၀၀၀၈၄၁

ဝန်ဆောင်မှုတည်ရှိသည့်နေရာ

Call Center ၊ရုံးအမှတ်(၄၃)၊ အဆောင်သစ်

  •  

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

website စာမျက်နှာ

www.doa.govmm

Facebook စာမျက်နှာ

www.facebook.com/doamoali

Call Center ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေ

          ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ စိုက်ပျိုးရေးနည်းပညာလုပ်ငန်းများကို  Media Agricultural Extension Method ဖြစ်သည့် Facebook စာမျက်နှာ (www.facebook.com/ doamoali)နှင့် website www.doa.govmm များပေါ်တွင်လည်း စိုက်ပျိုးရေးနည်းပညာ စာအုပ် စာတမ်းများ၊ ဌာနမှပြဌာန်းထားသော ဥပဒေ၊နည်းဥပဒေများစသည့် သတင်းအချက်အလက်များကို  ထည့်သွင်းဖော်ပြဆောင်ရွက်လျှက်ရှိသည့်အပြင် တောင်သူလယ်သမားရုပ်သံကဏ္ဍ  Farmer Channel ရုပ်သံလိုင်းတွင်လည်း ထုတ်လွှင့်ပညာပေးလျှက်ရှိပြီး တောင်သူစိုက်ခင်းများတွင် တွေ့ကြုံရသော လယ်ယာသီးနှံပြသနာများကို မေးမြန်းဖြေကြားနိုင်ရန် ၂၀၁၇ ခုနှစ်၊ မတ်လ(၁)ရက်နေ့တွင် Call Center ဖွင့်လှစ်ထားရှိခဲ့ပြီး Hot Line နံပါတ် ၀၁-၂၃၉၉၅၅၅ ဖြင့်လည်းကောင်း၊ ကြိုးဖုန်းနံပါတ် ၀၆၇-၄၁၀၁၃၉ ဖြင့်လည်းကောင်း၊ Viber ဖုန်းနံပါတ်-၀၉-၇၆၄၀၀၀၈၄၁ တို့ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ၂၀၁၇ခုနှစ်၊ မတ်လမှ (၁၅.၉.၂၀၁၇) အထိ Hot Line ဖြင့် မေးမြန်းခြင်း (၂၆၉)ခု၊ Viber ဖြင့် မေးမြန်းခြင်း(၂၄၃)ခု၊ ကြိုးဖုန်းဖြင့်မေးမြန်းခြင်း (၁၄၉)ခုနှင့် Facebook ဖြင့် မေးမြန်းခြင်း (၁၃၅)ခု၊ စုစုပေါင်း (၇၉၆)ခု ဖြေကြားဆောင်ရွက်နိုင်ခဲ့ပါသည်။