အဓိကအကြောင်းအရာသို့ သွားမည်
x

ဝန်ဆောင်မှု ခေါင်းစဉ်

အများပြည်သူစားသုံးရန် သတ်ဖြတ်မည့် တိရစ္ဆာန်၏ ကျန်းမာရေး စစ်ဆေးခြင်း  AHD/PC (13) နှင့် အသားစစ်ဆေးခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

လုပ်ငန်းဆောင်ရွက်သူသည် သက်ဆိုင်ရာအဖွဲ့အစည်း၏ ခွင့်ပြုချက်နှင့် သတ်ဖြတ်မည့် တိရစ္ဆာန်ကျန်းမာရေး စစ်ဆေးချက်များ၊ သတ်ဖြတ်ပြီး သော တိရစ္ဆာန်၏ အသားနှင့် အစိတ်အပိုင်း စစ်ဆေးချက်၊ သားသတ်ရုံ စစ်ဆေးချက်များ လိုအပ်ပါသည်။

 

(က)

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စည်ပင်သာယာရေး နယ်နိမိတ်များမှအပ အခြားဒေသများတွင် တိရစ္ဆာန်ပိုင်ရှင်သည် သတ်ဖြတ်မည့် တိရစ္ဆာန်၏ ကျန်းမာရေးအခြေအနေနှင့် စပ်လျဉ်း၍ ဦးစီးဌာနတာဝန် ရှိဝန်ထမ်း၏ စစ်ဆေးမှုခံယူရမည်။ ကူးစက်ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ် ရရှိမှသာ တိရစ္ဆာန်ကို သတ်ဖြတ်ရမည်။

 

(ခ)

သတ်ဖြတ်ပြီးသော တိရစ္ဆာန်၏ အသားနှင့် အစိတ်အပိုင်းကို ကူးစက်ရောဂါနှင့် စားသုံးသူပြည်သူအား ဘေးအန္တရာယ်ဖြစ်စေသော ရောဂါကင်းရှင်းမှု ရှိ/ မရှိကို ဦးစီးဌာန၏ စစ်ဆေးမှုကိုခံယူပြီး၊ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ် ရရှိမှသာ အများပြည်သူ စားသုံးရန် ဖြန့်ဖြူးရောင်းချရန် လိုအပ်ပါသည်။

ဝန်ဆောင်ခ

ကျွဲ၊ နွား

(၁)ကောင်

=

၃၅

ကျပ်

 

ဝက်

(၁)ကောင်

=

၁၅

ကျပ်

 

သိုး၊ ဆိတ်

(၁)ကောင်

=

၁၀၀

ကျပ်

 

အသားစစ်ဆေးခြင်း

 

=

၃၀၀၀၀

ကျပ်

လိုအပ်သော စာရွက် စာတမ်းများ

လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုလက်မှတ်၊ မှတ်ပုံတင် မူရင်း၊ မိတ္တူ

လျှောက်ထားရန် အဆင့်များ

လျှောက်ထားပုံ

အဆင့် ၁-

သားသတ်ရုံစစ်ဆေးပေးပါရန် လျှောက်ထားခြင်း

 

 

လုပ်ကိုင်ခွင့်လက်မှတ် ရရှိရန် သားသတ်ရုံအား ဦးစီးဌာန ၏ စစ်ဆေးမှုခံယူပြီး၊ ဦးစီးဌာနမှ လုပ်ကိုင်ခွင့်လက်မှတ် ရရှိရရေး ဆောင်ရွက်ထားရန် လိုအပ်ပါသည်။

 

အဆင့် ၂-

သတ်ဖြတ်မည့်တိရစ္ဆာန် ကျန်းမာရေးစစ်ဆေးခြင်း

 

 

သတ်ဖြတ်မည့် တိရစ္ဆာန်သည် ကူးစက်ရောဂါကင်းရှင်း ခြင်း ရှိ/ မရှိ စစ်ဆေးခံယူပါမည်။

 

အဆင့် ၃-

သတ်ဖြတ်ပြီးသော တိရစ္ဆာန်၏ အသားနှင့် အစိတ်အပိုင်း များအား ကူးစက်ရောဂါ ရှိ/ မရှိ စစ်ဆေးခြင်း

 

 

သတ်ဖြတ်ပြီးသော တိရစ္ဆာန်၏ အသားနှင့် အစိတ်အပိုင်း များတွင် ကူးစက်ရောဂါနှင့် စားသုံးသူပြည်သူအား ဘေး အန္တရာယ်ဖြစ်စေနိုင်သော ရောဂါကင်းရှင်းမှု ရှိ/ မရှိ ဦးစီးဌာန၏ စစ်ဆေးမှုကို ခံယူရပါမည်။

ဝန်ဆောင်မှု ပေး သည့်ဌာနအား ဆက်သွယ်ရမည့် လိပ်စာ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာများ

၁။

မန္တလေးတိုင်းဒေသကြီးတွင် အမရပူရ မြို့နယ်၊

ညောင်ဦးမြို့နယ်၊

၂။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျောက်တန်းမြို့နယ်၊ တွံတေးမြို့နယ်၊ မှော်ဘီမြို့နယ်၊

 

၃။

စစ်ကိုင်းတိုင်းဒေသကြီးတွင် တမူးမြို့နယ်

 

 

၄။

ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ်၊ ဒီမောဆိုးမြို့နယ်၊ ဖရူဆိုး မြို့နယ်၊ ရှားတောမြို့နယ်၊ ဘော်လခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်

 

 

၅။

ပဲခူးတိုင်းဒေသကြီးတွင် သာယာဝတီမြို့နယ်၊ နတ္တလင်းမြို့နယ်

 

 

၆။

ချင်းပြည်နယ်တွင် ထန်တလန်မြို့နယ်၊ ဖလန်းမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ မင်းတပ်မြို့နယ်နှင့် မတူပီမြို့နယ်

 

Website Address

www.lbvd.gov.mm

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန