| ဝန်ဆောင်မှု ခေါင်းစဉ် | ကာကွယ်ဆေးထိုးပြီးကြောင်းထောက်ခံချက်လက်မှတ် AHD/PC (1) လျှောက်ထားခြင်း | 
 | ||
| ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ | ကာကွယ်ဆေးထိုးပြီးကြောင်းထောက်ခံချက်လက်မှတ်ရရှိရန် အောက်ပါအခြေခံ အချက်များ လိုအပ်ပါသည်- 
 | 
 | ||
| ဝန်ဆောင်ခ | ကျွဲနွားဒေါင့်သန်း၊ လည်ချောင်းကွဲ၊ ပေါင်ပုပ်လက်ပုပ် တို့အတွက် ကာကွယ်ဆေးထိုး ဝန်ဆောင်ခ(၁)ကျပ်၊ ခွာနာလျှာနာကာကွယ်ဆေးထိုးဝန်ဆောင်ခ(၁၅)ကျပ် | |||
| လိုအပ်သော စာရွက်စာတမ်းများ | ပိုင်ရှင်အမည်၊ လိပ်စာ၊ တိရစ္ဆာန်နှင့်ပတ်သက်သော အချက်အလက်များ | |||
| လျှောက်ထားရန်အဆင့်များ | လျှောက်ထားပုံ အဆင့် ၁ - ကာကွယ်ဆေးထိုး ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက် လက်မှတ် ရရှိ ရန် အတွက် တိရစ္ဆာန်အား ကာကွယ်ဆေးထိုးရန် လိုအပ်ပါ သည်။ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဦးစီးဌာမှ ကာကွယ်ဆေး များ လုံလောက်စွာထုတ်လုပ်ပြီး တိုင်းဒေသကြီး/ ပြည်နယ် ဒေသများသို့ ဖြန့်ဖြူးပြီး၊ ဆက်လက်၍ ခရိုင်၊ မြို့နယ်၊ ဦးစီးရုံးများသို့ ဖြန့်ဖြူး ပေးလျက်ရှိပါသည်။ ခရိုင်/ မြို့ နယ်/ ဦးစီးမှူးရုံးများရှိ ဝန်ထမ်းများမှလည်း ကျေးရွာ အရောက် ကာကွယ်ဆေးထိုးကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိပါသည်။ အဆင့် ၂- ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်း ကာကွယ်ဆေးအမှန်တကယ်ထိုးပြီးမှသာ ကာကွယ်ဆေးထိုး ပြီးကြောင်း ထောက်ခံချက် လက်မှတ်ထုတ်ပေး မည်ဖြစ်ပါ သည်။ | |||
| ဝန်ဆောင်မှု ပေးသည့် ဌာန အားဆက်သွယ်ရမည့်လိပ်စာ | မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန | |||
| ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ | ၁။ | မန္တလေးတိုင်းဒေသကြီးတွင် အမရပူရ မြို့နယ်၊ ညောင်ဦးမြို့နယ်၊ | ||
| 
 | ၂။ | ရန်ကုန်တိုင်းဒေသကြီးတွင် ကျောက်တန်းမြို့နယ်၊ တွံတေးမြို့နယ်၊ မှော်ဘီမြို့နယ်၊ | ||
| 
 | ၃။ | စစ်ကိုင်းတိုင်းဒေသကြီးတွင် တမူးမြို့နယ် | ||
| 
 | ၄။ | ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ်၊ ဒီမော ဆိုးမြို့နယ်၊ ရှားတောမြို့နယ်၊ဘော်လခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ် | ||
| 
 | ၅။ | ပဲခူးတိုင်းဒေသကြီးတွင် သာယာဝတီမြို့နယ်၊ နတ္တ လင်းမြို့နယ် | ||
| 
 | ၆။ | ချင်းပြည်နယ်တွင် ထန်တလန်မြို့နယ်၊ ဖလန်း မြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ မင်းတပ် မြို့နယ်နှင့် မတူပီမြို့နယ် | ||
| Website Address | မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန | |||
 
 
