အဓိကအကြောင်းအရာသို့ သွားမည်
x

ဝန်ဆောင်မှု ခေါင်းစဉ်

တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက်လက်မှတ် AHD/PC(3) လျှောက်ထားခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက် များ

မိမိမွေးမြူထားသော တိရစ္ဆာန်များ၊ မိမိဝယ်ယူထားသော တိရစ္ဆာန်များကို တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့သယ် ဆောင်လိုပါက ဖြတ်သန်းသွားလာနိုင်ရန်အတွက် တိရစ္ဆာန် ကျန်းမာရေးထောက်ခံချက်လက်မှတ် လျှောက်ထားရန် လိုအပ် ပါသည်။

(က)တိရစ္ဆာန်ကျန်းမာကြောင်း ထောက်ခံချက်လက်မှတ် ရရှိရန် တိရစ္ဆာန်အားတိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးထိုး နှံထားရမည်။

(ခ) တိရစ္ဆာန်သည် မျက်မြင်အားဖြင့်လည်း ကျန်းမာကြောင်း စစ်ဆေးတွေ့ရှိရပါမည်။

(ဂ) မိမိမွေးမြူထားသော တိရစ္ဆာန်များအတွက် မွေးမြူရေးခြံ မှတ်ပုံတင်ထားရမည်။

(ဃ) ဝန်ဆောင်ခ သက်တမ်းသည် (၃)လ ဖြစ်ပါသည်။

ဝန်ဆောင်ခ

ကျွဲ၊ နွား

(၁) ကောင်

=

၂၅

ကျပ်

 

ဝက်

(၁) ကောင်

=

၂၀

ကျပ်

 

သိုး၊ ဆိတ်

(၁) ကောင်

=

၁၅

ကျပ်

လိုအပ်သော စာရွက် စာတမ်းများ

 တိရစ္ဆာန်၏ မှတ်တမ်း ဓါတ်ပုံ၊ တိရစ္ဆာန်အရေအတွက်၊ ပိုင်ရှင်၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၏ ထောက်ခံချက်

လျှောက်ထားရန် အဆင့်များ

  •  

 

အဆင့် ၁ -

ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ်အတွက် ဆောင်ရွက်ခြင်း

 

 

တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်လက်မှတ် မထုတ်ပေးခင်တွင် တိရစ္ဆာန်၏ ကာကွယ်ဆေး ထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ်ရရှိရေး ဆောင်ရွက်ရန်လိုပါသည်။

 

အဆင့် ၂-

တိရစ္ဆာန်အားကာကွယ်ဆေးထိုးရန်​ဆောင်ရွက် ခြင်း

 

 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အား ဆေးထိုးပေးပြီး၊ ကာကွယ်ဆေးထိုးပြီးကြောင်း

 

အဆင့် ၃ -

  • စစ်ဆေးခြင်း

 

 

တိရစ္ဆာန်အား မျက်မြင်အားဖြင့်လည်း ကျန်းမာ ရေးစစ်ဆေးထားဖို့လိုပါသည်။

ဝန်ဆောင်မှု ပေးသည့်ဌာနအား ဆက်သွယ်ရမည့် လိပ်စာ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာများ

၁။

မန္တလေးတိုင်းဒေသကြီးတွင် အမရပူရ မြို့နယ်၊

ညောင်ဦးမြို့နယ်၊

 

၂။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျောက်တန်းမြို့နယ်၊ တွံတေးမြို့နယ်၊ မှော်ဘီမြို့နယ်၊

 

၃။

စစ်ကိုင်းတိုင်းဒေသကြီးတွင် တမူးမြို့နယ်

 

၄။

ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ်၊ ဒီမောဆိုး မြို့နယ်၊ ဖရူဆိုးမြို့နယ်၊ ရှားတောမြို့နယ်၊ ဘော်လခဲ မြို့နယ်နှင့် ဖားဆောင်းမြို့နယ်

 

၅။

ပဲခူးတိုင်းဒေသကြီးတွင် သာယာဝတီမြို့နယ်၊ နတ္တလင်း မြို့နယ်

 

၆။

ချင်းပြည်နယ်တွင် ထန်တလန်မြို့နယ်၊ ဖလန်းမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ မင်းတပ်မြို့နယ်နှင့် မတူပီမြို့နယ်

Website Address

www.lbvd.gov.mm