အဓိကအကြောင်းအရာသို့ သွားမည်
x

(က)လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသည် ပြည်သူများ အလွယ် တကူ သုံးစွဲနိုင်ရန်အတွက် ဌာနမှ ထိန်းသိမ်းထားရှိသော တည်ဆဲနှစ် အတွင်း အသုံးပြုလျှက်ရှိသည့် စာရင်းမြေပုံများမှ မိတ္တူ (သို့မဟုတ်) ကောက်နုတ်ချက် (မြေစာရင်းပုံစံ-၁၀၅)၊ (သက်သေခံမြေပုံ)/ မြေစာရင်းပုံစံ (၁၀၆) (ဦးပိုင် တစ်ခု၏ ရာဇဝင်) များအား မြေစာရင်းလက်စွဲဥပဒေ၊ တည်ဆဲအမိန့်/ ညွှန်ကြားချက်နှင့်အညီ ရေးကူးဆောင်ရွက်ပေးလျက်ရှိပါသည်။

(ခ)မြေစာရင်းပုံစံ (၁၀၅) လျှောက်ထားလိုသူသည် မြေစာရင်းပုံစံ (၁၀၃) မြေစာရင်းမြေပုံနှင့် မှတ်တမ်းများ ရေးကူးခွင့်လျှောက်လွှာပုံစံဖြင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာမှူးထံ လျှောက်ထားရပါမည်။

(ဂ)မြေစာရင်းပုံစံ (၁၀၃) ၏ အပိုင်း (ခ) မြေစာရင်း၊ မြေပုံနှင့်မှတ်တမ်းများ မိတ္တူရေးကူးခွင့် လျှောက်ထားခြင်းကို လျှောက်ထားသူ ကိုယ်တိုင်ရေးသွင်း ဖော်ပြ၍ လက်မှတ်ရေးထိုးရပါမည်။

(ဃ)မြေစာရင်းပုံစံ (၁၀၅) ရေးကူးလိုသည့် မြေကွက် အကြောင်းအရာ အချက် အလက်များကို သက်ဆိုင်ရာစာရင်း၊ မြေပုံဖြင့် တိုက်ဆိုင်၍ မှန်ကန်စွာ ရေးသွင်းဖော်ပြရပါမည်။

(င)လျှောက်ထားသူမှ ရေကူးလိုသည့် အကြောင်းအရာကို ဖော်ပြရပါမည်။

(စ)လျှောက်လွှာတွင် ပိုင်ဆိုင်သူ (သို့မဟုတ်) သက်ဆိုင်သူကိုယ်တိုင် လျှောက်ထား ခြင်း ဖြစ်ပါက ပိုင်ဆိုင်ကြောင်း (သို့မဟုတ်) တစ်နည်းနည်းဖြင့် သက်ဆိုင် ကြောင်း အထောက်အထားကိုလည်းကောင်း၊ ကိုယ်စားလှယ်က လျှောက်ထားလျှင် တရားဝင်ကိုယ်စားလှယ်လွှဲစာကို လည်းကောင်း ပူးတွဲ တင်ပြရပါမည်။

(ဆ)မြေစာရင်း၊ မြေပုံနှင့် မှတ်တမ်းများ မိတ္တူရေးကူးခွင့် လျှောက်ထားရာတွင် လျှောက်ထားသည့် ဦးပိုင်တစ်ခုအတွက် ၂၀၁၄ ခုနှစ်၊ ရုံးခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ရုံးခွန်တံဆိပ်ခေါင်း (၅၀ိ/-) ကျပ် ကပ်နှိပ် အသုံးပြု ဆောင်ရွက်လျက်ရှိပါသည်။

(ဇ)လျှောက်ထားသူသည် အထောက်အထားပြည့်စုံစွာဖြင့် တင်ပြလာပါက လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် မြေစာရင်းပုံစံ (၁၀၅)ရေးကူးခြင်းကို (၁၅)ရက်အတွင်းရေးကူးပေးလျက်ရှိပါသည်။​