ကမ်းဝေးငါးဖမ်းလိုင်စင်လျှောက်ထားခြင်း
| တင်ပြရန်လိုအပ်မည့် အထောက်အထားများ | (က) ကမ်းဝေးငါးဖမ်းလိုင်စင်လျှောက်လွှာ (ခ) ငါးဖမ်းရေယာဉ်၏ သတ်မှတ်ချက်များ (ဂ) ငါးဖမ်းရေယာဉ်လိုင်စင်(မိတ္တူ) (ဃ)    ငါးဖမ်းရေယာဉ်၏ဓာတ်ပုံများ | 
| လုပ်ငန်းစဉ်အဆင့် | (က) လျှောက်ထားသူသည် ကမ်းဝေးငါးဖမ်းလိုင်စင် လျှောက်ထားရန် အတွက် တင်ပြရန်လိုအပ်သော အထောက်အထားများကို ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးရုံး ငါးလုပ်ငန်းဉီးစီးဌာနသို့ တင်ပြ လျှောက်ထားရမည်။ (ခ) ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးရုံး ငါးလုပ်ငန်းဉီးစီးဌာနမှ တင်ပြ လာသော အထောက်အထားများကို စစ်ဆေးပြီး ပြည့်စုံခဲ့လျှင် ကမ်းဝေး ငါးဖမ်းလိုင်စင်ကို ထုတ်ပေးမည်။ | 
| ဝန်ဆောင်ခ | ဝန်ဆောင်ခ မရှိပါ။ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရ ကမ်းဝေး ငါးဖမ်းရေယာဉ်မှ နိုင်ငံတော် ပြည်ထောင်စုငွေစာရင်း သို့ ပေးဆောင် ရသည့် ငါးစိုခွန်၊ လှေခွန်၊ ကိရိယာခွန်၊ မှတ်ပုံတင်ကြေးများကို လိုင်စင်ကြေး အဖြစ် ကောက်ခံပါသည်။ | 
| ကြာမြင့်ချိန် | ကမ်းဝေးငါးဖမ်း လိုင်စင်လျှောက်ထားခြင်းအတွက် တင်ပြရန် လိုအပ်မည့် အထောက်အထားများပြည့်စုံပါက(၁) ရက်အတွင်း လိုင်စင်ထုတ်ပေး မည်ဖြစ်ပါသည်။ | 
| လျှောက်ထားရမည့် နေရာ | ပြည်နယ် (သို့) တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနရုံး | 
| အတည်ပြုလက်မှတ် ရေးထိုးသည့် ရာထူး/အဆင့် | ညွှန်ကြားရေးမှူး၊ ပြည်နယ် (သို့) တိုင်းဒေသကြီဦးစီးမှူး ငါးလုပ်ငန်းဦးစီးဌာနရုံး | 
| သတ်မှတ်ချက်များ | 
 | 
 
 
