ကမ်းနီးငါးဖမ်း/ငါးသယ်လိုင်စင်လျှောက်ထားခြင်း
| တင်ပြရန်လိုအပ်မည့် အထောက်အထားများ | (က) ကမ်းနီးငါးဖမ်း/ငါးသယ်လိုင်စင် လျှောက်လွှာ (ခ) ငါးဖမ်းရေယာဉ်၏ သတ်မှတ်ချက်များ (ဂ) ငါးဖမ်းရေယာဉ်လိုင်စင်(မိတ္တူ) (ဃ) ငါးဖမ်းရေယာဉ်၏ဓာတ်ပုံများ | 
| လုပ်ငန်းစဉ်အဆင့် | (က) လျှောက်ထားသူသည် ကမ်းနီးငါးဖမ်းလိုင်စင် လျှောက်ထားရန် အတွက် တင်ပြရန်လိုအပ်သော အထောက်အထားများကို မြို့နယ်ရုံး ငါးလုပ်ငန်းဉီးစီးဌာနသို့ တင်ပြ လျှောက်ထားရမည်။ (ခ) မြို့နယ်ရုံးငါးလုပ်ငန်းဉီးစီးဌာန မှတင်ပြလာသော အထောက် အထားများကို စစ်ဆေးပြီး ပြည့်စုံခဲ့လျှင် ကမ်းနီးငါးဖမ်း/ ငါးသယ် လိုင်စင်ကို ထုတ်ပေးမည်။ | 
| ဝန်ဆောင်ခ | ဝန်ဆောင်ခ မရှိပါ။ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရ ပေးဆောင် ရသည့် ငါးစိုခွန်၊ လှေခွန်၊ ကိရိယာခွန်၊ မှတ်ပုံတင်ကြေးများကို ကမ်းနီးလိုင်စင်ကြေးအဖြစ် ကောက်ခံပါသည်။ | 
| ကြာမြင့်ချိန် | တင်ပြလာသောအထောက်အထားများပြည့်စုံပါက (၁ )ရက်အတွင်း | 
| လျှောက်ထားရမည့် နေရာ | မြို့နယ် ငါးလုပ်ငန်းဉီးစီးဌာနရုံး | 
| အတည်ပြုလက်မှတ် ရေး ထိုးသည့်ရာထူး/အဆင့် | မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး | 
| သတ်မှတ်ချက်များ | 
 | 
 
 
