စီးပွားဖြစ် ငါးမွေးမြူခြင်းလိုင်စင် ( ငါး/ ပုစွန်) လျှောက်ထားခြင်း
| တင်ပြရန်လို အပ်မည့် အထောက်အထားများ | (က) ငါးမွေးမြူခြင်းလိုင်စင်လျှောက်လွှာ (Form b) (ခ) မွေးမြူသည့် မြေနေရာ သို့မဟုတ် ရေ၏ အမျိုးအစားနှင့် သက်ဆိုင် သည့် အချက်အလက်များ (ဂ) မွေးမြူမည့် လန (၃၉) ရပြီးဖြစ်သော မြေနေရာနှင့် သက်ဆိုင်သော အချက်အလက်များ (ပုံစံ ၁၀၅ ကိုတွဲ၍တင်ပါ) (ဃ) ငါး/ပုစွန်သားပေါက် မွေးမြူမည့်မြေနေရာနှင့် ဧရိယာ၏ မြေပုံအကြမ်း | 
| လုပ်ငန်းစဉ်အဆင့် | (က) လျှောက်ထားသူသည် စီးပွားဖြစ် ငါးမွေးမြူခြင်းလိုင်စင် လျှောက်ထား ရန်အတွက် တင်ပြရန်လိုအပ်သော အထောက်အထားများကို ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးရုံး ငါးလုပ်ငန်းဦးစီးဌာနသို့ တင်ပြ လျှောက်ထားရမည်။ (ခ) ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးရုံးငါးလုပ်ငန်းဦးစီးဌာနမှ တင်ပြလာသော အထောက်အထားများကို စစ်ဆေးပြီး ပြည့်စုံ ခဲ့လျှင် စီးပွားဖြစ် ငါးမွေးမြူခြင်းလိုင်စင်ကို ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေအရ ထုတ်ပေးမည်။ | 
| ဝန်ဆောင်ခ | လိုင်စင်နှုန်းများ ငါးမွေးမြူသည့်စနစ်အပေါ်တွင် မူတည်၍ လိုင်စင်နှုန်းများမှာ- ၁။ Extensive system ၃၀၀ ကျပ်/ဧက ၂။ Extensive plus system ၃၀၀ ကျပ်/ဧက ၃။ Semi-intensive system ၁၀၀၀ ကျပ်/ဧက ငါးမွေးမြူသည့် နေရာပေါ်တွင် မူတည်၍ လိုင်စင်နှုန်းများမှာ- ၁။ ရန်ကုန်နှင့် ဧရာဝတီ ၃၀၀၀ ကျပ်/ဧက ၂။ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးနှင့် မွန်ပြည်နယ် ၁၅၀၀ ကျပ်/ဧက ၃။ အခြားတိုင်းဒေသကြီးများ ၉၀၀ ကျပ်/ဧက ၄။ လှောင်အိမ်စနစ်ဖြင့် မွေးမြူခြင်း (၁၀x၁၀x၁၀) ပေ ၂၀၀ကျပ် | 
| ကြာမြင့်ချိန် | တင်ပြလာသောအထောက်အထားများ ပြည့််စုံခဲ့လျှင် အလုပ်လုပ်ရက်  | 
| လျှောက်ထားရမည့် နေရာ | မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး | 
| အတည်ပြုလက်မှတ် ရေးထိုးသည့် ရာထူး/အဆင့် | ညွှန်ကြားရေးမှူး၊ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဉီးစီးဌာနရုံး | 
| သတ်မှတ်ချက်များ | 
 | 
 
 
