ရေထွက်ပစ္စည်းရောင်းဝယ်စုဆောင်းခွင့်လိုင်စင်
| တင်ပြရန်လိုအပ်မည့် အထောက်အထားများ | (က) ကုမ္ပဏီ၏ (Letter Head) ဖြင့်တင်ပြလာသော လျှောက်လွှာ (ခ) ပိုင်ရှင်၏နိုင်ငံသားကတ်မှတ်ပုံတင် (မိတ္တူ) | 
| လုပ်ငန်းစဉ်အဆင့် | (က) လျှောက်ထားသူသည် ရေထွက်ပစ္စည်း ရောင်းဝယ် စုဆောင်းခွင့် လိုင်စင် လျှောက်ထားရန်အတွက် တင်ပြရန်လိုအပ်သော အထောက် အထားများကို ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ငါးလုပ်ငန်း ဉီးစီးဌာနသို့ တင်ပြလျှောက်ထားရမည်။ (ခ) ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ငါးလုပ်ငန်းဉီးစီးဌာနမှ တင်ပြလာသော အထောက်အထားများကို စစ်ဆေးပြီး ပြည့်စုံခဲ့လျှင် ရေထွက်ပစ္စည်းရောင်းဝယ်စုဆောင်းခွင့် လိုင်စင်ကို ထုတ်ပေးမည်။ | 
| ဝန်ဆောင်ခ | မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရ ရေထွက်ပစ္စည်း ရောင်းဝယ် စုဆောင်းခွင့် လိုင်စင်ခွန်နှုန်းထားများကို အမျိုးအစား၊ ပမာဏအလိုက် သတ်မှတ်ထားခြင်းဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ် ငွေစာရင်းသို့ အခွန်အခ အဖြစ် ပေးသွင်းစေလျက်ရှိပါသည်။ နောက်ဆက်တွဲ ၁ ကို ကြည့်ပါ။ | 
| ကြာမြင့်ချိန် | တင်ပြလာသော အထောက်အထားများ ပြည့််စုံခဲ့လျှင် အလုပ်လုပ် ရက် ၁ ရက်အတွင်း | 
| လျှောက်ထားရမည့် နေရာ | တိုင်းဒေသကြီး/ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး | 
| အတည်ပြုလက်မှတ် ရေး ထိုးသည့်ရာထူး/အဆင့် | ညွှန်ကြားရေးမှူး၊ ပြည်နယ် (သို့) တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနရုံး | 
| သတ်မှတ်ချက်များ | 
 | 
 
 
