ကျန်းမာရေးထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်း (ငါးလုပ်ငန်းဦးစီးဌာန)
| တင်ပြရန်လိုအပ်မည့် အထောက်အထားများ | (က) ကုမ္ပဏီ၏ Letter Head ဖြင့် တင်ပြလာသော လျှောက်လွှာ (ခ) ကုန်ပစ္စည်းစာရင်း (မိတ္တူ) (ဂ) ဓါတ်ခွဲစစ်ဆေးမှုရလဒ် (မူရင်း) (ဃ) ပို့ကုန်ကြေငြာလွှာ (မိတ္တူ) (င) သင်္ဘောတင်ကုန်ပစ္စည်းစာရင်း(မိတ္တူ) (စ) ပြည်ပသို့ရေထွက်ပစ္စည်းများမတင်ပို့မှီကြိုတင် စစ်ဆေးခြင်း (PEV) အစီရင်ခံစာ | 
| လုပ်ငန်းစဉ်အဆင့် | (က) လျှောက်ထားသူသည် ကုမ္ပဏီ၏ Letter Head ဖြင့် တင်ပြ လျှောက်ထား ရမည်။ (ခ) တင်ပို့မည့် ရေထွက်ကုန်ပစ္စည်းများမှ နမူနာကိုထုတ်ယူပြီး လူအများစားသုံးရန် သင့်တော်ခြင်း ရှိ/မရှိစစ်ဆေးနိုင်ရန် ငါးလုပ်ငန်း ဦးစီးဌာန၊ ဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရမည်။ (ဂ) ငါးလုပ်ငန်းဦးစီးဌာနမှ စစ်ဆေးရေးမှူးများသည် တင်ပြလာသော အထောက်အထားများကို PEV နှင့်အညီစစ်ဆေးခြင်း ဆောင်ရွက် ရမည်။ (ဃ) PEV စစ်ဆေးမှု ရလဒ်များအရ ကွဲလွဲချက်များတစုံတရာမရှိခဲ့လျှင် ညွှန်ကြားရေးမှူးချုပ်ကိုယ်စားတာဝန်ခံအရာရှိမှ လက်မှတ်ရေးထိုး၍ ကျန်းမာရေးထောက်ခံချက် ထုတ်ပေးမည်။ (င) လျှောက်ထားသူသည် ကျန်းမာရေးထောက်ခံချက်ကို ငါးလုပ်ငန်း ဦးစီးဌာနတွင် လူကိုယ်တိုင်လာရောက်ထုတ်ယူရမည်။ | 
| ဝန်ဆောင်ခ | ဓာတ်ခွဲစမ်းသတ်မှုအတွက် ဝန်ဆောင်ခကောက်ခံပါမည်။ ကောက်ခံမည့်နှုန်းထားများသည် စမ်းသပ်စစ်ဆေးမည့် နမူနာ ပစ္စည်းအမျိုးအစားပေါ်တွင်မူတည်သည်။ | 
| ကြာမြင့်ချိန် | တင်ပြလာသောအထောက်အထားများပြည့််စုံခဲ့လျှင် နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။ | 
| လျှောက်ထားရမည့် နေရာ | ငါးလုပ်ငန်းဦးစီးဌာန | 
| အတည်ပြုလက်မှတ်ရေးထိုးသည့် ရာထူး/အဆင့် | ညွှန်ကြားရေးမှူးချုပ်ကိုယ်စားတာဝန်ခံအရာရှိမှလက်မှတ်ရေးထိုး ခြင်း 
 | 
| သတ်မှတ်ချက်များ | ဤကျန်းမာရေးထောက်ခံချက် လက်မှတ်သည် ပို့ကုန်အခေါက်တိုင်း အတွက် လိုအပ်ပါသည်။ | 
 
 
