| ဝန်ဆောင်မှုခေါင်းစဉ် | ပြည်ပသို့တင်ပို့မည့် ကျွဲ၊ နွားအထီးများအား ကျန်းမာရေးစစ်ဆေးပေးရန် လျှောက်ထား ခြင်း | |
| ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ | ပြည်ပသို့တင်ပို့ခြင်းဆိုင်ရာ အသိအမှတ်ပြုကဒ် (Smart Card)ရရှိပြီးသူများသာလျှောက် ထားနိုင်ပါသည်။ | |
| ဝန်ဆောင်ခ | ကျန်းမာရေးစစ်ဆေးခ ကျွဲ၊ နွားတစ်ကောင်လျင် (၁၀၀၀၀)ကျပ် ကောက်ခံပါသည် | |
| လိုအပ်သောစာရွက်စာတမ်းများ | (က) | လျှောက်လွှာပုံစံ - ကသ(၄) | 
| (ခ) | စုဆောင်းခြံမှတ်ပုံတင်လက်မှတ် (AHD/PC-7) | |
| လျှောက်ထားရန်အဆင့်များ | လျောက်ထားလိုသူများအနေဖြင့် သတ်ဆိုင်ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ရုံးများတွင် သွားရောက်လျှောက်ထားနိူင်ပြီး မြို့နယ်ရုံးမှတဆင့် ပြည်သူ့ ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) သို့ အီးမေးပေးပို့ လျှောက်ထားနိုင် ပါသည်။ | |
| (က) | ပြည်ပတင်ပို့မည့် ကျွဲ၊ နွားအထီးများအတွက် ကျန်းမာကြောင်း ထောက်ခံ ချက်လက်မှတ် (AHD/PC-3)ပေါင်းချုပ်နှင့် ကျန်းမာရေးဆိုင်ရာ သဘော ထားမှတ်ချက်ရရှိအောင်ဆောင်ရွက်ခြင်း၊ | |
| (ခ) | ကုန်သွယ်ရေးဦးစီးဌာနသို့ ကျန်းမာရေးဆိုင်ရာသဘောထားမှတ်ချက်နှင့်အတူ ပို့ကုန်လိုင်စင်လျှောက်ထားခြင်း၊ | |
| (ဂ) | ပို့ကုန်လိုင်စင်ရရှိပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကထုတ်ပေးသော သယ်ပို့ မှုဆိုင်ရာလမ်းကြောင်းနှင့် ကျွဲ၊ နွားစုဆောင်းခြံမှ ပြည်ပသို့ ထွက်ခွါခွင့်ပုံစံရရှိရန် ဆောင်ရွက်ခြင်း၊ | |
| (ဃ) | သယ်ဆောင်မည့်လမ်းကြောင်းရှိစစ်ဆေးရေးစခန်းနှင့်တိရစ္ဆာန်စောင့်ကြည့် စစ်ဆေးရေးစခန်း(AQS)တွင် စစ်ဆေးခံ၍ ပြည်ပသို့ထွက်ခွါခြင်း၊ | |
| (င) | သက်ဆိုင်ရာ ကုန်သွယ်ရေးစခန်းရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တာဝန်ခံထံ တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကထုတ်ပေးထားသော စာရွက်စာတမ်းများ အားလုံး စနစ်တကျပြန်လည်အပ်နှံခြင်း။ | |
| ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ | ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ်-၀၆၇၃၄၁၈၅၇၆ | |
| ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ | ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။ | |
 
 
