| ဝန်ဆောင်မှုခေါင်းစဉ် | ပြည်ပသို့ အိမ်မွေးတိရစ္ဆာန်များတင်ပို့ခွင့်လျှောက်ထားခြင်း | |||
| ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ | ပြည်ပသို့တင်ပို့မည့် အိမ်မွေးတိရစ္ဆာန်များအား မျက်မြင်ကျန်းမာရေးအခြေအနေအား စစ်ဆေးမှုခံယူရန်၊ မှတ်ပုံတင်အမှတ်အသား (Identification)အား စစ်ဆေးမှု ခံယူရန်၊ ကာကွယ်ဆေးထိုး မှတ်တမ်းမူရင်း စစ်ဆေးမှုခံယူရန်။ | |||
| ဝန်ဆောင်ခ | ခွေး/ ကြောင် | - | တစ်ကောင်လျှင် ၁၀၀၀၀ ကျပ် နှုန်းကောက်ခံပါသည်။ | |
| လိုအပ်သောစာရွက်စာတမ်းများ | (က) | ဌာန၏သတ်မှတ်လျှောက်လွှာပုံစံဖြင့်လျှောက်ထားခြင်း | ||
| (ခ) | တိရစ္ဆာန်၏ ၄ လက်မ X ၆ လက်မအရွယ်ဓာတ်ပုံ [ဘေးဘယ်(၁)ပုံ၊ ဘေးညာ (၁) ပုံနှင့် ရှေ့ (၁) ပုံ] (၂)စုံ၊ | |||
| (ဂ) | ကာကွယ်ဆေးထိုးမှတ်တမ်းမူရင်း နှင့် မိတ္တူ၊ | |||
| (ဃ) | ဓာတ်ခွဲခန်း စစ်ဆေးချက်။ | |||
| လျှောက်ထားရန်အဆင့်များ | ဦးစီးဌာန၏ ပြည်သူ့ဝန်ဆောင်မှုရုံး [One Stop Service (OSS)]တွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံတွင်ဖြည့်သွင်း၍ ကိုယ်တိုင်ဖြစ်စေ အွန်လိုင်းမှဖြစ်စေ လျှောက်ထားနိုင် ပါသည်။ | |||
| (က) | သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နယ်စပ်ထွက်ပေါက်များရှိ တိရစ္ဆာန်ထိန်းသိမ်းစောင့်ကြည့်စစ်ဆေးရေးစခန်း (Animal Quarantine Station) နှင့် စစ်ဆေးရေးစခန်း (Check points)များတွင်စစ်ဆေးမှုကို ခံယူခြင်း၊ | |||
| (ခ) | တိရစ္ဆာန် ကျန်းမာရေး ထောက်ခံချက်လက်မှတ် ထုတ်ယူခြင်း။ | |||
| ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ | ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ်-၀၆၇၃၄၁၈၄၅၈ | |||
| ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ | ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။ | |||
 
 
