အဓိကအကြောင်းအရာသို့ သွားမည်
x

ဝန်ဆောင်မှုခေါင်းစဉ်

ပြည်ပမှ တိရစ္ဆာန်အစာတင်သွင်းခွင့်လျှောက်ထားခြင်း

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

(က)   ဦးစီးဌာနမှသတ်မှတ်ထားသည့် စာရွက်စာတမ်းများပြည့်စုံ ပါက လျှောက် ထားနိုင်ပါသည်။

 (ခ)   တင်သွင်းမည့်နမူနာပစ္စည်းများကို ဦးစီးဌာန၊ တိရစ္ဆာန်အစာနှင့် ဆေးဝါး အရည် အသွေး စစ်ဆေးရေးဓာတ်ခွဲခန်း (Veterinary Assay Laboratory)နှင့် တိရစ္ဆာန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်းနှင့် အရည်အသွေး ပြည့်မီ ကြောင်း ဓာတ်ခွဲခန်းစစ်ဆေးချက်အဖြေရရှိမှသာ လျှောက်ထားရပါမည်။

ဝန်ဆောင်ခ

တိရစ္တာန်အစာ

-

သတ်မှတ်ထားသောဓာတ်ခွဲခန်းစစ်ဆေးခများပေးဆောင်ရမည်ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

(က)

ဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာမည်ဖြစ်ကြောင်း ကတိခံဝန်ချက်၊

(ခ)

ကုန်ပစ္စည်းအမှာလွှာ(Proforma Invoice)

(ဂ)

အရောင်းအဝယ် သဘောတူစာချုပ်(Sales contract) မိတ္တူ၊

(ဃ)

အရည်အသွေး စစ်ဆေးမှုဆိုင်ရာထောက်ခံချက် (Certificate of Analysis-CoA)

(င)

လွတ်လပ်စွာ ရောင်းချခွင့်လက်မှတ် (Free Sale Certificate)

(စ)

ကုန်ပစ္စည်းရောင်းချသည့်နိုင်ငံ၏ထုတ်လုပ်သည့်စက်ရုံသည် HACCP or GMP Certificate သို့မဟုတ် ယင်းနှင့် အလားတူညီသော ဘေးဥပါဒ် အန္တရာယ် ကင်းရှင်းမှုဆိုင်ရာ အထောက်အထား၊

(ဆ)

အဆိုပါစက်ရုံ၏ တရားဝင် ဝက်(ဘ်)ဆိုဒ် (URL) နှင့်လိပ်စာ၊

(ဇ)

တိရစ္ဆာန်အရင်းအမြစ် (Animal Origin)မှ ထုတ်လုပ်ထားသော မွေးမြူရေး အစာ/ အစာကုန်ကြမ်းများအတွက် ကုန်ပစ္စည်းထုတ်လုပ်သည့် နိုင်ငံ၏ အခွင့်အာဏာရှိ တိရစ္ဆာန်ဆေးကုဆရာဝန် (Veterinary Authority)က ထုတ်ပေးသော တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်လက်မှတ်၊

(ဈ)

တင်သွင်းမည့် တိရစ္ဆာန်အစာ နမူနာစစ်ဆေးခြင်းအတွက် ဦးစီးဌာနက ထုတ်ပေးသော သက်တမ်းရှိ ဓာတ်ခွဲအဖြေ မိတ္တူ။

လျှောက်ထားရန်အဆင့်များ

(က)

ဦးစီးဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် ဦးစီးဌာနသို့ ကျန်းမာရေး ဆိုင်ရာ သဘောထားမှတ်ချက် လျှောက်ထားခြင်း၊

(ခ)

တင်သွင်းမည့် တိရစ္ဆာန်အစာ နမူနာပစ္စည်းများကို ဦးစီးဌာန၊ တိရစ္ဆာန်အစာနှင့် ဆေးဝါး အရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်း (Veterinary Assay Laboratory) နှင့် တိရစ္ဆာန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပေးပို့၍ စစ်ဆေးမှု ခံယူခြင်း၊

(ဂ)

တင်သွင်းမည့် တိရစ္ဆာန်အစာများ ပြည်တွင်းသို့ မရောက်ရှိမီ အနည်းဆုံး ()ရက် ကြိုတင်၍ ဦးစီးဌာနသို့ အကြောင်းကြားရမည်။

(ဃ)

စစ်ဆေးရေးစခန်းသို့ တိရစ္ဆာန်အစာများ ရောက်ရှိချိန်တွင် ပေးပို့နမူနာပစ္စည်းနှင့် ကိုက်ညီမှု ရှိ မရှိ မျက်မြင်စစ်ဆေးမှုခံယူခြင်း၊ အရည်အသွေးစစ်ဆေးမှုဆိုင်ရာ ထောက်ခံချက် (Certificate of Analysis-CoA) စစ်ဆေးမှုခံယူခြင်း၊ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာထောက်ခံချက်လက်မှတ် စစ်ဆေးမှု ခံယူခြင်း၊ အခြားသက်ဆိုင်ရာ အထောက်အထားများစစ်ဆေးမှုခံယူခြင်းနှင့် နမူနာရယူ၍ လိုအပ်ပါက ဓာတ်ခွဲခန်း တွင် စစ်ဆေးမှုခံယူခြင်း တို့ဆောင်ရွက်ရမည်။

(င)

မြန်မာနိုင်ငံ ကုန်ပစ္စည်းအလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] ၏ မွေးမြူရေးကဏ္ဍ [Livestock Sector (LS)] တွင် ဝင်ရောက် လျှောက်ထားရမည်။

 

(စ)

တင်သွင်းပစ္စည်း မှန်ကန်ကြောင်း စစ်ဆေးခြင်းပုံစံဖြင့် မြန်မာနိုင်ငံ ကုန်ပစ္စည်း အလိုအလျောက်စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] တွင် အတည်ပြုချက် ရယူရမည်။

ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ

ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ်-၀၆၇၃၄၁၈၄၅၈

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ

ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။