အဓိကအကြောင်းအရာသို့ သွားမည်
x

ဝန်ဆောင်မှုခေါင်းစဉ်

ပြည်ပမှ တိရစ္ဆာန်သုံးဆေးဝါး၊  တိရစ္ဆာန်သုံးပစ္စည်းနှင့် တင်သွင်း ခွင့်လျှောက်ထားခြင်း

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

(က)   ဦးစီးဌာနမှသတ်မှတ်ထားသည့် စာရွက်စာတမ်းများပြည့်စုံ ပါက လျှောက် ထားနိုင်ပါသည်။

 ()     တင်သွင်းမည့်နမူနာပစ္စည်းများကို ဦးစီးဌာန၊ တိရစ္ဆာန်အစာနှင့် ဆေးဝါးအရည် အသွေး စစ်ဆေးရေးဓာတ်ခွဲခန်း (Veterinary Assay Laboratory)သို့ ပေးပို့ စစ်ဆေးခြင်းနှင့် အရည်အသွေးပြည့်မီကြောင်း ဓာတ်ခွဲခန်းစစ်ဆေးချက်အဖြေ ရရှိမှသာ လျှောက်ထား ခွင့်ပြုမည်ဖြစ်ပါသည်။

(ဂ) စစ်ဆေးရန်ကြိုတင်ပေးပို့ထားသည့် နမူနာဆေးဝါးနှင့် အမှန်တကယ်တင်သွင်း   ရောက်ရှိသည့် ဆေးဝါးများသည် စံချိန်စံညွှန်းကိုက်ညီမှုရှိရမည်။

          တိရစ္ဆာန်သုံးပစ္စည်းတင်သွင်းခြင်းဖြစ်ပါက တင်သွင်းရန် လျှောက်ထားသည့်ပစ္စည်းနှင့် အမှန်တကယ်တင်သွင်းရောက်ရှိ သည့်ပစ္စည်းများသည် အမျိုးအစားနှင့် အရေအတွက် ကိုက်ညီမှုရှိရမည်။

ဝန်ဆောင်ခ

တိရစ္တာန်သုံးဆေးဝါး ဓာတ်ခွဲခန်းသုံး ပစ္စည်းများ

-

သတ်မှတ်ထားသော ဓာတ်ခွဲခန်းစစ်ဆေးခများပေးဆောင်ရမည်

ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

(က)

ဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာမည်ဖြစ်ကြောင်း ကတိခံဝန်ချက်၊

(ခ)

ကုန်ပစ္စည်းအမှာလွှာ(Proforma Invoice)

(ဂ)

အရောင်းအဝယ် သဘောတူစာချုပ်(Sales contract) မိတ္တူ၊

(ဃ)

ကာကွယ်ဆေးများ၏ Catalogue

(င)

အရည်အသွေး စစ်ဆေးမှုဆိုင်ရာထောက်ခံချက် (Certificate of Analysis-CoA)

(စ)

လွတ်လပ်စွာ ရောင်းချခွင့်လက်မှတ် (Free Sale Certificate)

(ဆ)

ကုန်ပစ္စည်းရောင်းချသည့်နိုင်ငံ၏ထုတ်လုပ်သည့်စက်ရုံသည် HACCP or GMP Certificate သို့မဟုတ် ယင်းနှင့် အလားတူညီသော ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းမှု ဆိုင်ရာ အထောက်အထား၊

(ဇ)

အဆိုပါစက်ရုံ၏ တရားဝင် ဝက်(ဘ်)ဆိုဒ် (URL) နှင့်လိပ်စာ၊

(ဈ)

တင်သွင်းမည့် ဆေးဝါး၏ နမူနာစစ်ဆေးခြင်းအတွက် ဦးစီးဌာန၏ သက်တမ်းရှိ ဓာတ်ခွဲခန်း အဖြေမိတ္တူ။

လျှောက်ထားရန်အဆင့်များ

(က)

ဦးစီးဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် ဦးစီးဌာနသို့ ကျန်းမာရေး ဆိုင်ရာ သဘောထားမှတ်ချက် လျှောက်ထားခြင်း၊

(ခ)

တင်သွင်းမည့် တိရစ္ဆာန်သုံးဆေးဝါးများ ပြည်တွင်းသို့ မရောက်ရှိမီ အနည်းဆုံး () ရက် ကြိုတင်၍ ဦးစီးဌာနသို့ အကြောင်းကြားခြင်း၊

 

စစ်ဆေးရေးစခန်းသို့ တိရစ္ဆာန်သုံးဆေးဝါးများ ရောက်ရှိချိန်တွင် မျက်မြင်စစ်ဆေးမှု ခံယူခြင်း၊ အရည်အသွေးစစ်ဆေးမှုဆိုင်ရာ ထောက်ခံချက် (certificate of analysis) မူရင်းကို စစ်ဆေးမှုခံယူခြင်းနှင့် အခြားသက်ဆိုင်ရာ အထောက်အထားများ စစ်ဆေးမှု ခံယူခြင်း၊

(ဂ)

တိရစ္ဆာန်သုံးဆေးဝါးဖြစ်ပါက စစ်ဆေးရေးစခန်းသို့ တင်သွင်းပစ္စည်းများ ရောက်ရှိချိန် တွင် လျှောက်ထားပစ္စည်း နှင့် ရောက်ရှိလာသည့်ပစ္စည်း ကိုက်ညီမှု ရှိ မရှိ မျက်မြင် စစ်ဆေးမှုခံယူခြင်းနှင့် အခြား သက်ဆိုင်ရာအထောက်အထားများ စစ်ဆေးမှု ခံယူခြင်းတို့ကို ဆောင်ရွက် ရမည်။

(ဃ)

မြန်မာနိုင်ငံ ကုန်ပစ္စည်းအလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] ၏ မွေးမြူရေးကဏ္ဍ [Livestock Sector (LS)] တွင် ဝင်ရောက် လျှောက်ထားခြင်း၊

(င)

တင်သွင်းပစ္စည်း မှန်ကန်ကြောင်း စစ်ဆေးခြင်းပုံစံဖြင့် မြန်မာနိုင်ငံ ကုန်ပစ္စည်း အလိုအလျောက်စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] တွင် အတည်ပြုချက် ရယူခြင်း။

ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ

ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ်-၀၆၇၃၄၁၈၄၅၈

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ

ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။