ငါးသယ်ရေယာဉ်လိုင်စင် (ပြည်တွင်း/ ပြည်ပ)လျှောက်ထားခြင်း
တင်ပြရန်လိုအပ်မည့် အထောက်အထားများ |
(က) ငါးသယ်ရေယာဉ်လိုင်စင် လျှောက်လွှာ (ခ) ငါးသယ်ရေယာဉ်၏သတ်မှတ်ချက်များ (ဂ) ငါးသယ်ရေယာဉ်၏ဓာတ်ပုံများ
|
လုပ်ငန်းစဉ်အဆင့် |
(က) လျှောက်ထားသူသည် ငါးသယ်ရေယာဉ် လိုင်စင်လျှောက်ထားရန် အတွက် တင်ပြရန်လိုအပ်သော အထောက်အထားများကို ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးရုံး ငါးလုပ်ငန်းဉီးစီးဌာနသို့ တင်ပြ လျှောက်ထားရမည်။ (ခ) ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးရုံး ငါးလုပ်ငန်းဉီးစီးဌာနမှ တင်ပြလာသော အထောက်အထားများကို စစ်ဆေးပြီး ပြည့်စုံ ခဲ့လျှင် ငါးသယ်ရေယာဉ်လိုင်စင်ကို ထုတ်ပေးမည်။ |
ဝန်ဆောင်ခ |
လိုင်စင်ကြေးဖြစ်ပါသည်။ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရ ကမ်းဝေးငါးသယ်ရေယာဉ်မှ နိုင်ငံတော် ပြည်ထောင်စုငွေစာရင်းသို့ ပေးဆောင်ရသည့် လှေခွန်နှင့် မှတ်ပုံတင်ကြေးများဖြစ်ပါသည်။ အခွန်အခဖြစ်ပါသည်။ |
ကြာမြင့်ချိန် |
တင်ပြလာသောအထောက်အထားများ ပြည့်စုံခဲ့လျှင် အလုပ်လုပ်ရက် (၁)ရက်အတွက်း |
လျှောက်ထားရမည့် နေရာ |
တိုင်းဒေသကြီး/ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး
|
အတည်ပြုလက်မှတ် ရေး ထိုးသည့်ရာထူး/အဆင့် |
ညွှန်ကြားရေးမှူး၊ ပြည်နယ် (သို့) တိုင်းဒေသကြီးဦးစီးမှူး၊ ငါးလုပ်ငန်းဦးစီးဌာန |
သတ်မှတ်ချက်များ |
|