အဓိကအကြောင်းအရာသို့ သွားမည်
x

 

ဝန်ဆောင်မှုခေါင်းစဉ်

ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် မွေးမြူမှု လိုင်စင် ထုတ်ပေးခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

 

(၁) ပုဂ္ဂလိကပျားမွေးမြူသူတစ်ဦးသည် ပျားလုပ်ငန်း ဌာနမှ ဖွင့်လှစ်သော သင်တန်းတစ်ခုခုသို့ တက် ရောက်ပြီးသူ ဖြစ်ရပါမည်။ ပျားမွေးမြူရေးအား စိတ်ပါဝင်စားသူ ဖြစ်ရပါမည်။

(၂) ပုဂ္ဂလိကပျားမွေးမြူသူလိုင်စင်လျောက်ထားသူအား မြို့နယ်ဦးစီးမှူးများ ပါဝင်သောအဖွဲ့မှ ပျားမွေးမြူ ရေးအတတ်ပညာ စစ်ဆေးပြီး တက်မြောက် ကြောင်း လက်ခံနိုင်မှသာ လိုင်စင်ထုတ်ပေးပါမည်။

(၃) ပျားမွေးမြူသူလိုင်စင် လျှောက်ထားလိုသူသည် ပျား အုံများအား ဝယ်ယူ၍ ကိုင်တွယ်မွေးမြူမည် ဆိုပါက ပုဂ္ဂလိကပျားမွေးမြူသူ လိုင်စင်စာအုပ် ပြုလုပ်ထားရှိမှသာ မွေးမြူရမည် ဖြစ်ပါသည်။

(၄) ပုဂ္ဂလိကပျားမွေးမြူမည်ဆိုပါက အနည်းဆုံးပျားအုံ (၅၀)အုံရှိမှသာ မွေးမြူခွင့် လိုင်စင်ပြုလုပ်ပေးမည် ဖြစ်ပါသည်။

(၅) ပုဂ္ဂလိကပျားမွေးမြူမှုလိုင်စင်အား သက်တမ်း(၁) နှစ်သာ ပေးထားပြီး ဘဏ္ဍာနှစ်အလိုက် ဧပြီလမှ မတ်လကုန်အထိ သတ်မှတ်ထားသောကြောင့် (၁) နှစ်လျှင် တစ်ကြိမ် သက်တမ်းတိုးရပါမည်။

 

ဝန်ဆောင်ခ

-      ၁၂၅၀ဝိ/-

လိုအပ်သော စာရွက်/စာတမ်း များ

 

-  မှတ်ပုံတင်မိတ္တူနှင့် လိုင်စင်ဓာတ်ပုံ(၂)ပုံ

-  အိမ်ထောင်စုစာရင်းမိတ္တူ(၁)စောင်

-  ပျားသင်တန်း တက်ရောက်ပြီးစီးမှု သက်သေခံ လက်မှတ် မိတ္တူ(၁)စောင်

-  ကိုယ်ရေးအချက်အလက် အကျဉ်းချုပ်

-  ပျားအုံ စတင်မွေးမြူသည့် ရက်စွဲ၊ ပျားအုံ အရေ အတွက်၊ မွေးမြူမည့် မြို့နယ်/တိုင်းဒေသကြီး/ ပြည်နယ်

-  ဌာနမှ ထုတ်ပြန်ထားသော မွေးမြူရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာနိုင်ခြင်း ရှိ/မရှိ

-  တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်ဦးစီးမှူးများ၏ ထောက်ခံချက်စာ(မူရင်း) 

ဝန်ဆောင်မှုပေးမည့် ဌာန၏ ဆက်သွယ်ရမည့် လိပ်စာ

နေပြည်တော

ရုံးအမှတ်-၃၆၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျား မွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ

(သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များမှ တစ်ဆင့်)