အဓိကအကြောင်းအရာသို့ သွားမည်
x

ဝန်ဆောင်မှုခေါင်းစဉ်

ပြည်ပသို့ သိုး၊ ဆိတ်များအား ကျန်းမာရေးစစ်ဆေးပေးရန် လျှောက်ထားခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

ပြည်ပသို့တင်ပို့ခြင်းဆိုင်ရာ ဌာနမှသတ်မှတ်ထားသည့် စာရွက်စာတမ်းများပြည့်စုံပါက လျှောက် ထားနိုင်ပါသည်။

ဝန်ဆောင်ခ

ကျန်းမာရေးစစ်ဆေးခ တစ်ကောင်လျင် (၂၀၀၀)ကျပ် ကောက်ခံပါသည်

လိုအပ်သောစာရွက်စာတမ်းများ

(က)

သတ်မှတ်လျှောက်လွှာပုံစံ

(ခ)

စုဆောင်းခြံမှတ်ပုံတင်လက်မှတ် (AHD/PC-7)/ စုဆောင်းခြံမှတ်ပုံတင်မိတ္တူ

(ဂ)

ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ

(ဃ)

ယာယီစုဆောင်းရပ်ထားရှိမည့်နေရာ

(င)

ကုန်အရောင်းအဝယ်စာချုပ် (Sale Contract)

(စ)

ကုန်ပစ္စည်းအမှာလွှာ (Proforma Invoice)

(ဆ)

တိရစ္ဆာန်ထိန်းသိမ်း စောင့်ကြည့်စစ်ဆေးရေး စခန်းတွင်ထားရှိ၍ ကျန်းမာရေးစစ် ဆေးမှုကိုခံယူမည်ဖြစ်ကြောင်းနှင့် ဌာန၏တည်ဆဲဥပဒေများကို လိုက်နာဆောင် ရွက်မည်ဖြစ်ကြောင်း ဝန်ခံချက်

(ဈ)

လျှောက်ထားကောင်ရေစုဆောင်းထားရှိပြီးဖြစ်ကြောင်း သသ်ဆိုင်ရာမြို့နယ်မှူး၏ ထောက်ခံချက်။

လျှောက်ထားရန်အဆင့်များ

လျောက်ထားလိုသူများအနေဖြင့် သတ်ဆိုင်ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးများတွင် သွားရောက်လျှောက်ထားနိူင်ပြီး မြို့နယ်ရုံးမှတဆင့် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) သို့ အီးမေးပေးပို့ လျှောက်ထားနိုင် ပါသည်။

(က)

ပြည်ပတင်ပို့မည့် သိုး/ဆိတ်များအတွက် ကျန်းမာကြောင်းထောက်ခံချက် လက်မှတ် (AHD/PC-3)ပေါင်းချုပ်နှင့် ကျန်းမာရေးဆိုင်ရာ သဘောထားမှတ်ထား မှတ်ချက်ရရှိအောင်ဆောင်ရွက်ခြင်း၊

(ခ)

ကုန်သွယ်ရေးဦးစီးဌာနသို့ ကျန်းမာရေးဆိုင်ရာသဘောထားမှတ်ချက်နှင့်အတူ ပို့ကုန်လိုင်စင်လျှောက်ထားခြင်း၊

(ဂ)

ပို့ကုန်လိုင်စင်ရရှိပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကထုတ်ပေးသော သယ်ပို့ မှုဆိုင်ရာလမ်းကြောင်းနှင့် စုဆောင်းခြံမှပြည်ပသို့ ထွက်ခွါခွင့်ပုံစံ ရရှိရန် ဆောင် ရွက်ခြင်း၊

(ဃ)

သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးထံ စုဆောင်းရပ်မှထွက်ခွါကြောင်းသတင်းပေးပို့ခြင်း၊ ထွက်ခွါသည့်အချိန်တွင် မြို့နယ်ရှိတာဝန်ရှိသူမှ စစ်ဆေးခြင်း၊

(င)

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် သယ်ဆောင်ရာလမ်း ကြောင်းရှိ ဌာန၏ Check Point များတွင် စစ်ဆေးခြင်း၊

(စ)

တိရစ္ဆာန်စောင့်ကြည့် စစ်ဆေးရေးစခန်း(AQS)တွင် စစ်ဆေးခံခြင်းနှင့် Health Certificate ရယူခြင်း၊

(ဆ)

သက်ဆိုင်ရာကုန်သွယ်ရေးစခန်းရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တာဝန်ခံထံ တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကထုတ်ပေးထားသော စာရွက်စာတမ်းများ အားလုံး စနစ်တကျပြန်လည်အပ်နှံခြင်း။

ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ

သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနမှူးရုံးများတွင် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

                           

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ

ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။