ဝန်ဆောင်မှုခေါင်းစဉ် |
ပြည်တွင်းစားသုံးရန်အတွက် ပြည်ပမှ အေးခဲအသား တင်သွင်းခွင့်လျှောက်ထားခြင်း |
|||
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ |
(က) ဦးစီးဌာနမှသတ်မှတ်ထားသည့် စာရွက်စာတမ်းများပြည့်စုံ ပါက လျှောက် ထားနိုင်ပါသည်။ |
|||
(ခ) အေးခဲအသားများ တင်သွင်းခြင်းနှင့်စပ်လျှဉ်း၍ Stakeholder Meeting မှ အတည်ပြုဆုံးဖြတ်သည့် ခွဲတမ်းပမာဏအတိုင်းလျှောက်ထားရမည်။ |
||||
(ဂ) လျှောက်ထားရာတွင် ဖော်ပြထားသည့် အေးခဲအသား၏ အမျိုးအစားနှင့် ပမာဏ ကိုသာ တင်သွင်းရမည်။ တင်သွင်းလာသည့် အေးခဲအသားများကို လျှောက်ထားစဉ် က ဖော်ပြထားသည့် ကိစ္စရပ်များတွင်သာ အသုံးပြုရမည်။ |
||||
ဝန်ဆောင်ခ |
အေးခဲအသားအစို |
- |
တစ်မက်ထရစ်တန်လျှင် ၁၅၀၀ကျပ် နှုန်းကောက်ခံပါသည်။ |
|
လျှောက်ထားရန်အဆင့်များ |
(က) |
ဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာမည်ဖြစ်ကြောင်း ကတိခံဝန်ချက်၊ |
||
(ခ) |
တင်သွင်းလာသော အေးခဲအသားများအား သိုလှောင်၊ ဖြန့်ဖြူးရောင်းချ သို့မဟုတ် အသုံးပြုမည့်နေရာ၊ |
|||
(ဂ) |
ကုန်ပစ္စည်းအမှာလွှာ (Proforma Invoice)၊ |
|||
(ဃ) |
အရောင်း အဝယ်သဘောတူစာချုပ် (Sales contract) မိတ္တူ၊ |
|||
(င) |
ကုန်ပစ္စည်းထုတ်လုပ်သည့်နိုင်ငံ၏ အခွင့်အာဏာရှိ တိရစ္ဆာန်ဆေးကု ဆရာဝန် (Veterinary Authority)မှ ထုတ်ပေးသော တိရစ္ဆာန်ကျန်းမာရေး ဆိုင်ရာ ထောက်ခံချက်လက်မှတ်၊ |
|||
(စ) |
ကုန်ပစ္စည်းရောင်းချသည့်နိုင်ငံ၏ ထုတ်လုပ်သည့်စက်ရုံသည် HACCP or GMP Certificate သို့မဟုတ် ယင်းနှင့် အလားတူညီသော ဘေးဥပါဒ် အန္တရာယ်ကင်းရှင်း မှုဆိုင်ရာ အထောက်အထား၊ |
|||
(ဆ) |
အဆိုပါစက်ရုံ၏ တရားဝင် ဝက်(ဘ်)ဆိုဒ် (URL) နှင့်လိပ်စာ၊ |
|||
(ဇ) |
အေးခဲအသားများကို ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချရန်ဖြစ်ပါက ဦးစီးဌာနက ထုတ်ပေးသော အေးခဲအသားဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ခွင့်ပြုလက်မှတ်၊ |
|||
(ဈ) |
ယခင်တင်သွင်းပြီးစီးမှု အထောက်အထားအတွက် မြန်မာနိုင်ငံကုန်ပစ္စည်း အလို အလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] စနစ်မှ ရရှိသည့် အကောက်ခွန် ရှင်းတမ်း ဆောင်ရွက်ပြီးစီးမှု IOO မိတ္တူ၊ |
|||
(က) |
ဦးစီးဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် ဦးစီးဌာနသို့ ကျန်းမာရေး ဆိုင်ရာ သဘောထားမှတ်ချက် လျှောက်ထားခြင်း၊ |
|||
(ခ) |
အေးခဲအသားများ ပြည်တွင်းသို့ မရောက်ရှိမီ အနည်းဆုံး(၃)ရက်ကြိုတင်၍ ဦးစီးဌာနသို့ အကြောင်းကြားရခြင်း၊ |
|||
(ဂ) |
အေးခဲအသားများ ရောက်ရှိချိန်တွင် ဦးစီးဌာန၏ စစ်ဆေးမှုကိုခံယူ၍ ကုန်ပစ္စည်း ရောင်းချသည့်နိုင်ငံ၏ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်လက်မှတ် ထုတ်ယူခြင်း၊ |
|||
(ဃ) |
ဓာတ်ခွဲခန်းတွင်စစ်ဆေးနိုင်ရန် နမူနာပစ္စည်းကောက်ယူမှုကို ခံယူခြင်း၊ |
|||
(င) |
မြန်မာနိုင်ငံ ကုန်ပစ္စည်း အလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] ၏ မွေးမြူရေးကဏ္ဍ [Livestock Sector (LS)] တွင် ဝင်ရောက်လျှောက်ထားခြင်း၊ |
|||
|
(စ) |
ဦးစီးဌာန၏ဓာတ်ခွဲခန်းအဖြေဖြင့် မြန်မာနိုင်ငံကုန်ပစ္စည်းအလိုအလျောက် စစ်ဆေး ရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] တွင် အတည်ပြုချက်ရယူခြင်း။ |
||
ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ |
ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ်-၀၆၇၃၄၁၈၄၅၈ |
|||
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ |
ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။ |