ဝန်ဆောင်မှုခေါင်းစဉ် |
ပြည်ပမှ မျိုးရင်းနှင့် စီးပွားဖြစ် ကြက်ဥ၊ ကြက်ပေါက်၊ ဘဲပေါက်တင်သွင်းခွင့် လျှောက်ထားခြင်း |
|||
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ |
(က) ဦးစီးဌာနမှသတ်မှတ်ထားသည့် စာရွက်စာတမ်းများပြည့်စုံပါက လျှောက် ထားနိုင်ပါသည်။ |
|||
( ခ ) စီးပွားဖြစ်ကြက်ပေါက်တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ Stakeholder Meeting မှ အတည်ပြုဆုံးဖြတ်သည့် ခွဲတမ်းပမာဏအတိုင်းလျှောက်ထားရမည်။ |
||||
( ဂ ) ကြက်ငှက်တုပ်ကွေးရောဂါ ကင်းစင်သည်ဟု ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့မှ အသိမှတ်ပြုထားသည့်နိုင်ငံ သို့မဟုတ် နေရာဒေသမှသာ တင်သွင်းရမည်။ |
||||
ဝန်ဆောင်ခ |
ကြက်ဥ |
- |
တစ်လုံးလျှင် ၂ ကျပ် နှုန်းကောက်ခံပါသည်။ |
|
|
ကြက်ပေါက်/ ဘဲပေါက် |
- |
တစ်ကာင်လျှင် ၄ ကျပ် နှုန်းကောက်ခံပါသည်။ |
|
လိုအပ်သောစာရွက်စာတမ်းများ လျှောက်ထားရန်အဆင့်များ |
(က) |
ဌာနမှသတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့်လျှောက်ထားခြင်း၊ |
||
(ခ) |
ဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာမည်ဖြစ်ကြောင်း ကတိခံဝန်ချက်၊ |
|||
(ဂ) |
တင်သွင်းလာသော အေးခဲအသားများအား သိုလှောင်၊ ဖြန့်ဖြူးရောင်းချ သို့မဟုတ် အသုံးပြုမည့်နေရာ၊ |
|||
(ဃ) |
ကုန်ပစ္စည်းအမှာလွှာ (Proforma Invoice)၊ |
|||
(င) |
အရောင်း အဝယ်သဘောတူစာချုပ် (Sales contract) မိတ္တူ၊ |
|||
(စ) |
တင်သွင်းသည့်နိုင်ငံ၏ အခွင့်အာဏာရှိ တိရစ္ဆာန်ဆေးကု ဆရာဝန် (Veterinary Authority)မှ ထုတ်ပေးသော တိရစ္ဆာန်ကျန်းမာရေး ဆိုင်ရာ ထောက်ခံချက် လက်မှတ် (Veterinary Health Certificate)၊ |
|||
(ဆ) |
ကုန်ပစ္စည်းထုတ်လုပ်သည့် နိုင်ငံ၏ မွေးမြူသည့် ခြံမှတ်ပုံတင်လက်မှတ် (Farm Certificate)၊ |
|||
(ဇ) |
မျိုးကြက်ဥ၊ ကြက်ပေါက်၊ ဘဲပေါက်တင်သွင်းခြင်းအတွက် မျိုးရိုးမှတ်တမ်း (Pedigree Certificate) သို့မဟုတ် မျိုးရင်းမှတ်ပုံတင်လက်မှတ် (Breed Registration Certificate)၊ |
|||
(ဈ) |
ကုန်ပစ္စည်းထုတ်လုပ်သည့်နိုင်ငံ၏ မွေးမြူသည့်ခြံရှိ တိရစ္ဆာန် ကာကွယ် ဆေးထိုးမှတ်တမ်း၊ |
|||
(ည) |
မျိုးကြက်ဥ၊ ကြက်ပေါက်၊ ဘဲပေါက်တင်သွင်းခြင်းအတွက် ပြည်တွင်း၌ မွေးမြူမည့်ခြံ၏ မှတ်ပုံတင်လက်မှတ် (AHD/ PC-7)။ |
|||
(က) |
ဦးစီးဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် ဦးစီးဌာနသို့ ကျန်းမာရေး ဆိုင်ရာ သဘောထားမှတ်ချက် လျှောက်ထားခြင်း၊ |
|||
(ခ) |
တင်သွင်းမည့်ဝက်များ ပြည်တွင်းသို့ မရောက်ရှိမီ အနည်းဆုံး(၃)ရက်ကြိုတင်၍ ဦးစီးဌာနသို့ အကြောင်းကြားရခြင်း။ |
|||
(ဂ) |
စစ်ဆေးရေးစခန်းသို့ မျိုးကြက်ဥ၊ ကြက်ပေါက်၊ ဘဲပေါက်များ ရောက်ရှိချိန်တွင် ကုန်ပစ္စည်းထုတ်လုပ်သည့် နိုင်ငံ၏ တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက် လက်မှတ် မူရင်းအပ်နှံခြင်းနှင့် ကူးစက်ရောဂါ ကင်းစင်ကြောင်းဓါတ်ခွဲခန်း စစ်ဆေးမှု ခံယူခြင်း၊ |
|||
(ဃ) |
မြန်မာနိုင်ငံ ကုန်ပစ္စည်းအလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] ၏ မွေးမြူရေးကဏ္ဍ [Livestock Sector (LS)] တွင် ဝင်ရောက်လျှောက် ထားခြင်း၊ |
|||
(င) |
ဦးစီးဌာန၏ ဓာတ်ခွဲခန်းအဖြေဖြင့် မြန်မာနိုင်ငံ ကုန်ပစ္စည်း အလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] တွင် အတည်ပြုချက် ရယူခြင်း၊ |
|||
(စ) |
တင်သွင်းလာသည့် မျိုးကြက်ဥ၊ ကြက်ပေါက်၊ ဘဲပေါက်များခရီးဆုံးသို့ သယ်ဆောင် နိုင်ရန်အတွက် တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက်လက်မှတ် (AHD/ PC-3) လျှောက်ထားခြင်းနှင့် ခရီးဆုံးဒေသသို့ ရောက်ရှိပါက ခရီးဆုံးဒေသရှိ မြို့နယ် ဦးစီးဌာနထံ တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်လက်မှတ် (AHD/ PC-3) မူရင်းပြန်လည် အပ်နှံခြင်း။ |
|||
ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ |
ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ်-၀၆၇၃၄၁၈၄၅၈ |
|||
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ |
ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။ |