အဓိကအကြောင်းအရာသို့ သွားမည်
x

စီမံကိန်းဉီးစီးဌာန၊ စီမံကိန်းစိစစ်သုံးသပ်ရေးဌာနခွဲသည် မဲခေါင်-လန်ချန်း ပူပေါင်းဆောင်ရွက်မှုဆိုင်ရာ ပဉ္စမအကြိမ် အထူးရန်ပုံငွေ (၂၀၂၂)ဖြင့် အကောင် အထည်ဖော်သည့် စီမံကိန်းများအနက်“ မြန်မာနိုင်ငံ အပူပိုင်းဇုန်တွင်သီးနှံများ ပျက်စီးဆုံးရှံးမှု ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို လေ့လာဆန်း စစ်ခြင်း” စီမံကိန်း အကောင်အထည်ဖော်မှု အစိတ်အပိုင်းတရပ်အဖြစ် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း မန္တလေးတိုင်းဒေသကြီးရှိ ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ညောင်ဉီး၊ မြစ်သားနှင့် အမရပူရမြို့နယ်များရှိ စပါး(နွေ/မိုး)၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် ဝါစိုက်တောင်သူများအား တွေ့ဆုံ၍ ကွင်းဆင်းစစ်တမ်း ကောက် ယူခဲ့ပါသည်။ အပူပိုင်းဇုန်ရှိ မကွေးတိုင်းဒေသကြီး သို့သွားရောက်၍ စစ်တမ်း ကောက်ယူခြင်းကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပြီး အချက်အလက် များ ကောက်ယူပြီးစီးပါက စိစစ်သုံးသပ်မှုများ ဆောင်ရွက်ပြီး အစီရင်ခံစာ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။ အစီရင်ခံစာအား သက်ဆိုင်ရာ အဖွဲ့အစည်း များမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း၍ တရားဝင် အတည်ပြု ထုတ်ပြန် သွားမည် ဖြစ်ပါသည်။

ပြည်ထောင်စုအဆင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုအရ စီမံကိန်းဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဉီးဆောင်သည့် စိုက်ပျိုးမွေးမြူရေး စီမံကိန်းစိစစ်သုံးသပ်ရေးအဖွဲ့သည် နိုင်ငံ့စီးပွား မြှင့်တင် ရေး ရန်ပုံငွေဖြင့် နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ဆောင်းပဲတီစိမ်းနှင့် နွေစပါးစီမံကိန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေ များအား စီမံကိန်း လစဉ်အစီရင်ခံစာများအပေါ် အခြေခံ၍ စိစစ်သုံးသပ် ခဲ့ပါသည်။ စိစစ်ရာတွင် (၁)စီမံကိန်း အကောင်အထည်ဖော်ရေး စီမံချက်ပါ လုပ်ငန်းစဉ်များအား လျာထားချက်အတိုင်း ဆောင်ရွက်နိုင်မှု ရှိ၊ မရှိ၊  (၂) စာချုပ်ချုပ်ဆိုခြင်း၊ စိုက်ပျိုးရေး အသုံးစရိတ်အတွက် ထုတ်ချေးပြီးစီးမှုနှင့် ပြန်လည် ကောက်ခံရရှိမှု အခြေအနေနှင့် (၃)လုပ်ငန်း ဆောင်ရွက်မှု၊ တိုးတက် မှု၊ အစီရင်ခံစာများကို ပြည်ထောင်စုအဆင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း ကြီးကြပ်မှု ကော်မတီသို့ အချိန်မီပြုစု တင်ပြခြင်း ရှိ၊ မရှိ တို့အား စိစစ်ခဲ့ပြီး တွေ့ရှိချက်နှင့် အကြံပြုချက်ပါ အစီရင်ခံစာအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌနှင့် ပြည်ထောင်စုအဆင့် စိုက်ပျိုး မွေးမြူ ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသို့ တင်ပြခဲ့ပါသည်။ ဆက်လက်၍ အစီရင်ခံ စာအား ပြည်ထောင်စု ဝန်ကြီး၏ မိန့်မှတ်ချက်များ၊ အကြံပြုချက်များ ပူးတွဲ၍ စိုက်ပျိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။