အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံတော်၏စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းစားနပ်ရိက္ခာနှင့်သောက်သုံးရေ ဖူလုံရေး တို့အတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စီမံဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ

                   ကမ္ဘာ့လူဦးရေမှာ နေ့စဉ်နှင့်အမျှ တိုးတက်လာလျက်ရှိသဖြင့် လူသားတို့ရှင်သန် ရပ်တည်ရေးအတွက် စားဝတ်နေရေးလိုအပ်ချက်များလည်း ပိုမိုများပြားလာလျက်ရှိပါသည်။ ကမ္ဘာ့ နိုင်ငံများစွာတွင် လူသားတို့အတွက် လိုအပ်သော အာဟာရပြည့်ဝသည့် စားနပ်ရိက္ခာများဖူလုံအောင် ထုတ်လုပ် နိုင်ရေးအတွက် အထူးအားထုတ်ကြိုးပမ်း ဆောင်ရွက်နေကြရပါသည်။ လူဦးရေ တိုးတက်များပြားလာ သည်နှင့်အမျှ စားနပ်ရိက္ခာထုတ်လုပ်မှုအပိုင်းမှာလည်း လိုက်လျောညီထွေစွာ တိုးတက်ထုတ်လုပ်နိုင်ရန် လိုအပ်ပါသည်။ စားနပ်ရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးထုတ်လုပ် ခြင်းလုပ်ငန်း၊ မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရေသည်မရှိမဖြစ်သော အဓိကအကျဆုံး အခြေခံလိုအပ် ချက်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်