အဓိကအကြောင်းအရာသို့ သွားမည်
x

မြန်မာနိုင်ငံ၏ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Fish Processing စီးပွားရေးဇုန်များကိုနယ်စပ်တွင် ထူထောင်နိုင်ရေးကြိုးပမ်း

နေပြည်တော်၊ မတ် (၁၉)

ကမ္ဘာ့ကပ်ရောဂါ  COVID-19ကြောင့် ထိခိုက်ခဲ့သည့် နိုင်ငံတော်၏ စီးပွားရေး ပြန်လည်ထူထောင်နိုင်ရေးကြိုးပမ်းအကောင်အထည်ဖော်ရာတွင် ရေလုပ်ငန်းသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေလျက်ရှိရာ ရေထွက်ပစ္စည်းလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ပြည်ပစျေးကွက်သို့ တင်ပို့ ရောင်းချနိုင်ရေးသာမက ပြည်တွင်းစားသုံးမှုဖူလုံစေရေး အာဟာရပြည့်ဝရေးနှင့် စားသုံးသူ ဘေးကင်းလုံခြုံရေး လုပ်ငန်းများကို အလေးပေး၍ဒေသနေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးနိုင်ရေး နှင့်ပြည်တွင်း ပြည်ပ စျေးကွက်နှစ်ခုလုံး အတွက် တန်ဖိုးမြင့် ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်ပေး နိုင်မည့် Fish Processing စီးပွားရေးဇုန်များပေါ်ထွန်းလာရေးအတွက်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကညှိနှိုင်းကူညီ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ရေထွက်ပစ္စည်းကုန်ကြမ်းများ တင်ပို့ရောင်းချသည့် အခြေအနေ မှ တန်ဖိုးမြင့်ကုန်ချောထုတ်လုပ်ရောင်းချသည့် နိုင်ငံအဖြစ် ပြောင်းလဲရပ်တည် နိုင်ရေး ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် အခက်အခဲများကျော်လွှားနိုင်ရန် စိုက်ပျိုးရေး မွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်း ဇုန်ကြီးများ ကို တိုင်းဒေသကြီး ပြည်နယ်များတွင် ထူထောင်ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာန က လိုအပ်သည့် စီမံကိန်းများရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း မတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းကစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ၏ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Fish Processing စီးပွားရေးဇုန်များကိုနယ်စပ်တွင် ထူထောင်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြား သည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး ၊ ကရင်ပြည်နယ် မွန်ပြည်နယ် နှင့်ရခိုင်ပြည်နယ် တို့မှ စီမံအုပ်ချုပ်ရေး ကောင်စီမှတာဝန်ရှိသူများ ၊  ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှူးများ ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် နှင့် တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ် တို့မှ တာဝန်ရှိ သူများ က Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။ မြန်မာ့ရေလုပ်ငန်းကဏ္ဍအနေဖြင့် ကမ်းဝေးငါးဖမ်း ရေယာဉ်(၃၂၀၀)စီး၊ ကမ်းနီးငါးဖမ်းရေယာဉ်(၁၉၁၉၂)စီး၊ ငါးသယ်ရေယာဉ်(၂၆၀)စီးတို့ဖြင့် ကမ်းရိုးတန်းဒေသများတွင် ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီး ပြည်နယ်များ၌ ငါး/ပုစွန်မွေးမြူရေးကန် ဧက(၅)သိန်းခန့်၊ စက်ရုံ(၁၂၄)ရုံဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပသို့နှစ်စဉ်တင်ပို့နိုင်မှုကြောင့် ပြည်ပဝင်ငွေရှာဖွေပေးနိုင်သည့် ကဏ္ဍတစ်ခုလည်း ဖြစ်ပြီး COVID-19 အခြေအနေအရ နယ်စပ်ဖြတ်ကျော် တင်ပို့မှု အခက်အခဲများအပေါ် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ ဒေသဆိုင်ရာ ငါးလုပ်ငန်းအသင်းများ၊ ငါးလုပ်ငန်းဦးစီးဌာနတို့က ပူးပေါင်း ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါ တနင်္သာရီတိုင်းဒေသကြီး၌ ရေထွက်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် COVID-19 ကဲ့သို့သော မမျှော်မှန်းနိုင်သည့် ဘေးဒုက္ခကြုံတွေ့ချိန်များတွင်ငါးလုပ်ငန်းကို အဓိက စီးပွား ရေးအဖြစ် ဆောင်ရွက်နေသော ဝယ်သူဈေးကွက်မှ ရောင်းသူဈေးကွက်သို့ ပြောင်းလဲရေး၊ ရေခဲရိုက် ငါးကုန်ကြမ်းတင်ပို့မှုမှ ပြုပြင်ထုတ်လုပ်ပြီး ကုန်ချောတင်ပို့ရောင်းချနိုင်ရေးနှင့် မိမိတို့ နိုင်ငံသားမျာ၏ ဝင်ငွေနှင့် အလုပ်အကိုင်ရရှိမှုကို အာမခံချက်ပေးနိုင်ရေးအတွက် Fish Processing ဇုန် ထူထောင်နိုင်ရေးကို  အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ယနေ့ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။