အဓိကအကြောင်းအရာသို့ သွားမည်
x

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်

တောင်ကြီး ဇွန် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ နားဟီးကျေးရွာအုပ်စုတွင် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍“လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း(အခြေခံ)သင်တန်း” ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် တောင်ကြီး မြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ နားဟီး(အနောက်) ဘက်စုံသုံးခန်းမတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့သည်။

အခမ်းအနားတွင်ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ် ဦးစီးဌာနမှူး ဦးမောင်မောင်ဝင်းနှင့် စက်မှုလယ်ယာဦးစီးဌာန  ပြည်နယ်ဦးစီးဌာနမှူး ဦးသောင်းထိုက်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သင်တန်းသား(၃၆)ဦးအပါအဝင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊စက်မှုလယ်ယာဦးစီးဌာနနှင့် ဒေသခံတာဝန်ရှိသူများ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပါသည်။

 သင်တန်းကာလမှာ (၁၆.၆.၂၀၂၁)နေ့မှ (၂၉.၆.၂၀၂၁)နေ့ထိ (၂)ပတ်ကြာမြင့်မည်ဖြစ်ပြီး  စက်မှုလယ်ယာဦးစီးဌာန သင်တန်းဆရာ(၅)ဦးမှ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းပြင်ဆင်သည့် သင်ခန်းစာများကို စာတွေ့၊လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။