အဓိကအကြောင်းအရာသို့ သွားမည်
x

ပုသိမ်ကြီးမြို့နယ် စိုက်ပျိုးရေးသိပ္ပံ ဆည်တော်ကြီး မိန်းမြောင်းအတွင်း ငါးသားပေါက် ငါးသိန်းမျိုးစိုက်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သဘာဝမြစ် ချောင်း/အင်း/အိုင်/ဆည်တမံများအတွင်း ငါးရိက္ခာ များ စဉ်ဆက်မပြတ် ဖမ်းယူစားသုံးနိုင်ရေးနှင့် ငါးသယံဇာတများရေရှည် စဉ်ဆက်မပြတ် တည်တံစေရေး အတွက် (၂) လက်မအရွယ် ငါးသားပေါက်များ မျိုးစိုက်ထည့်လျက်ရှိရာ (၂၁.၆.၂၀၂၁)ရက်နေ့ နံနက်ပိုင်း က ပုသိမ်ကြီးမြို့နယ် စိုက်ပျိုးရေးသိပ္ပံအနီး ဆည်တော်ကြီး မိန်းမြောင်းအတွင်းအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပွဲကို ကျင်းပခဲ့သည်။

            အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအောင်ညီတိုး၊ ဒုတိယတိုင်းဦးစီးဌာနမှူး ဦးခင်မောင်ထွန်း၊ ကျောက်ဆည်ခရိုင်ဦးစီးဌာနမှူး ဒေါ်ခိုင်ခိုင်ဝင်း၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုယ်မှူးကြီးဇော်နိုင်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မြင့်သိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအောင်သူ၊ ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များဖြစ်သော ခရိုင်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ခရိုင်ဆည်/မြောင်းဦးစီးဌာန(တမံ)၊ ခရိုင်လဝကဦးစီးဌာန၊ ခရိုင်ပြန်/ဆက်ဦးစီးဌာနနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဦးစီးဌာနမှူးများ၊  မြို့နယ်လယ်စီခန့်အဖွဲ့ဝင်များနှင့် ငါးလုပ်ငန်းဦး စီးဌာန သရက်ကုန်းငါးလုပ်ငန်းစခန်းနှင့် နတ်ရေကန်ငါးလုပ်ငန်းစခန်းမှ ဝန်ထမ်းများစုပေါင်း၍ ငါးခုံးမကြီး(၁.၀၀)သိန်း၊ ရွှေဝါငါးကြင်း(၂.၅၅)သိန်း၊ ငါးမြစ်ချင်း(၁.၄၅)သိန်း၊ စုစုပေါင်းငါးသားပေါက် ကောင်ရေ (၅.၀၀)သိန်းကို မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။