အဓိကအကြောင်းအရာသို့ သွားမည်
x

စဉ့်ကိုင်မြို့နယ် ဒုဋ္ဌဝတီမြစ်အတွင်း ငါးမျိုးများစိုက်ထည့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဒုဋ္ဌဝတီမြစ်အတွင်းငါးမျိုးမျာ စိုက်ထည့်ပွဲ အခမ်းအနားကို (၇.၇.၂၀၂၁)ရက်နေ့ နံနက်ပိုင်းက အဆိုပါ မြစ်ဆိပ်တွင် ကျင်းပခဲ့ သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးဇော်နိုင်ဦး၊ အဖွဲ့ဝင်(၂) ဦးအောင်သူ၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်း၊ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်တင်တင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ငါးမွေးကန်လုပ်ငန်းရှင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် သရက်ကုန်းငါးလုပ်ငန်းစခန်းတာဝန်ခံဦးထွန်းနောင်ဝင်း၊ နတ်ရေကန်ငါးလုပ်ငန်း စခန်း တာဝန်ခံ ဒေါ်အေးအေးမော်၊ ကူမဲငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးစောအောင်ကိုလတ်နှင့် ငါးစခန်းများမှ ဝန်ထမ်းများသည် (၂)လက်မအရွယ် ငါးခုံးမကြီး(၁.၅၀)သိန်း၊ ငါးမြစ်ချင်း (၈.၅၀)သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၁၀.၀၀)သိန်းကို မျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။