အဓိကအကြောင်းအရာသို့ သွားမည်
x

မအူပင်မြို့ လှိုင်းတာရေထိန်းတံခါးမှ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်

မအူပင်ခရိုင် မအူပင်မြို့နယ် ​​ မလက်တိုကျေးရွာအုပ်စု လှိုင်းတာရေထိန်းတံခါးမှ သဘာဝ ရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေရှည်စဉ်ဆက်မပြတ် ငါးသယံဇာတများဖွံဖြိုးတိုးတက်စေရေး၊ လူတစ်ဦးချင်းငါးစားသုံးမှုတိုးတက်စေရေးနှင့် ကျေးလက် နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လှိုင်းတာ ရေထိန်း တံခါးမှ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို (၉.၇.၂၀၂၁) ရက်နေ့တွင် မအူပင်မြို့နယ် လှိုင်းတာရေထိန်းတံခါးမှ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်း​ ဒေသကြီးငါးလုပ်ငန်းဦးစီးဌာန တိုင်း​ဒေသ​ကြီးဦးစီး ဌာနမှူး ဦးဝင်းမြင့်စော၊ မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနခရိုင်ဦးစီးမှူး ဦးဆန်းဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း​​ကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များ၊  ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ/ရေလုပ်သားများ၊ ဒေသခံပြည်သူများ တလုပ်လှငါးလုပ်ငန်စခန်းနှင့် အောင်ဟိတ်ငါးလုပ်ငန်းစခန်းတို့မှ (၂)လက်မအရွယ် ငါး​မြစ်ချင်းနှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ (၁၀)သိန်းအား လှိုင်းတာရေထိန်းတံခါးမှ သဘာဝရေပြင်အတွင်း သို့ စုပေါင်းငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။