အဓိကအကြောင်းအရာသို့ သွားမည်
x

လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းမှုအခြေခံ(တောင်သူ)သင်တန်း ဖွင့်လှစ်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂)အလတ်စားစက်ပြင် အလုပ်ရုံ၊ ဟင်္သာတမြို့၌ လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှုအခြေခံ (တောင်သူ) သင်တန်းအမှတ်စဉ်(၁/၂၀၂၀-၂၀၂၁)ကို (၈.၇.၂၀၂၁)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် အဆိုပါ အမှတ်(၂)အလတ်စားစက်ပြင်အလုပ်ရုံ၌ဖွင့်လှစ်ပါသည်။

သင်တန်းဖွင့်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) အမှတ်(၂)အလတ်စား စက်ပြင် အလုပ်ရုံ၊ စက်ရုံမှူးမှတက်ရောက်၍သင်တန်းဖွင့်အမှာစကားပြောကြားပါသည်။သင်တန်းကို (၈.၇.၂၀၂၁)ရက်နေ့မှ (၄.၈.၂၀၂၁)ရက်နေ့ထိ COVID-19 ရောဂါကာကွယ်ရေးလမ်းညွှန်ချက် များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။