အဓိကအကြောင်းအရာသို့ သွားမည်
x

ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပင်လောင်းမြို့နယ် ပေါင်းလောင်းချောင်းအတွင်း ငါးမျိုးများစိုက်ထည့်

ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပင်​လောင်းမြို့နယ်၊ ​ပေါင်း​လောင်းချောင်းအတွင်းသို့ငါးမျိုး များစိုက်ထည့်ရန် အတွက် ငါးသားပေါက်များလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို (၁၅.၇.၂၀၂၁)ရက် နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ညောင်ရွှေငါးလုပ်ငန်းစခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 အဆိုပါအခမ်းအနားသို့ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခွန်ရဲထွေးအောင်၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသဦးစီးအဖွဲ့ဝင်များဖြစ်သော ဦးခွန်လှသိန်း၊ ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယပြည်နယ်မှူး ဦးကျော်သီဟထွေး၊ မြို့နယ်ငါးမျိုးစိုက်ထည့်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်သော ညောင်ရွှေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ​ဒေါ်ငြိမ်းငြိမ်းဦး၊ မြို့နယ်ဆည်​မြောင်းနှင့်​ရေအသုံးချ​ရေးဦးစီးမှူး ဦး​ကျော်​ကျော်ဦး နှင့် ညောင်​ရွှေငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိမိခိုင်နှင့်ဝန်ထမ်းများ တက်​ရောက်၍ ​ညောင်​ရွှေငါးလုပ်ငန်း စခန်းမှ သား​ဖောက်ထုတ်လုပ်​သော (၂) လက်မအရွယ် ငါးဖိန်းသား​ပေါက်​ကောင်​ရေ ၅၀၀၀၀ ၊ ငါးမြစ်ချင်း သား​ပေါက်​ကောင်​ရေ ၁၀၀၀၀၀၊ ငါးခုံးမကြီးသား​ပေါက်​ကောင်​ရေ ၂၅၀၀၀ ၊ ​ငွေ​ရောင်ငါးကြင်းသား​ပေါက်​ကောင်​ရေ ၂၅၀၀၀ ၊ စုစု​ပေါင်းငါးသား​ပေါက်​ကောင်​ရေ ၂၀၀၀၀၀ အား  ပင်​လောင်းမြို့နယ် ၊ ​ပေါင်း​လောင်း​ချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ရန်အတွက် လွှဲ​ပြောင်း​ပေးအပ်ခဲ့ကြောင်းသိရသည်။