အဓိကအကြောင်းအရာသို့ သွားမည်
x

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားကို (၁၅-၇-၂၀၂၁)ရက်နေ့၊ နံနက် (၀၈၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရုံး ရေဆိပ်တွင် ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ မြစ်ကြီးနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း၊ မြစ်ကြီး နားမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး၊ ဒေါ်ဥမ္မာမြင့်၊ ကချင်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ ချုပ်အဖွဲ့ဝင် ဦးထိန်လင်း၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ရေးအဖွဲ့ဝင်များ ၊ ဝိုင်းမော်ငါးလုပ်ငန်း စခန်းမှ စခန်းတာဝန်ခံ ဦးအောင်နိုင်ဦးနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက် ကြပြီး ဝိုင်းမော်ငါးလုပ်ငန်းစခန်းမှ (၂)လက်မ အရွယ် ငါးမြစ်ချင်း ကောင်ရေ (၈၀၀၀၀) အား မျိုးစိုက် ထည့်ခဲ့သည်။

မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတတိုးပွားလာရေး၊ ငါးထုတ်လုပ်မှု တိုးတက် စေရေး၊ ငါးမျိုးများ ပိုမိုစားသုံးနိုင်ရေးအတွက် ငါးမျိုးများအား သဘာဝမြစ်ချောင်းများနှင့် ဆည် တမံ များအတွင်းသို့ နှစ်စဉ်စိုက်ထည့်ပေးလျက်ရှိရာ ကချင်ပြည်နယ်တောင်တန်းဒေသတွင် (၂) လက်မ အရွယ် ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ရန် (၁၈)သိန်းလျာထား ထားပြီး ယခုလက်ရှိ အထိ (၉.၉၂၂) သိန်း မျိုးစိုက်ထည့်ပြီး ဖြစ်ကြောင်း သိရသည်။