အဓိကအကြောင်းအရာသို့ သွားမည်
x

မတ္တရာမြို့နယ် စကျင်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ငါးမျိုးများစိုက်ထည့်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်တွင် ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးအတွက် သြဂုတ်လ(၉)ရက်နေ့ နံနက်၈နာရီချိန်တွင် မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအနီး ဧရာဝတီမြစ် အတွင်းသို့ ရေနံသာငါးလုပ်ငန်းစခန်းမှ ၂ လက္မအရွယ် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၁၅၀၀၀၀)နှင့် ငါးခုံးမကြီးငါသားပေါက်ကောင်ရေ (၁၅၀၀၀၀) စုစုပေါင်းငါးသားပေါက် ကောင်ရေ(၃၀၀၀၀၀) အား ငါးမျိုးစိုက်ထည့်ပေးခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ပွဲအခမ်းအနားသို့ မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဦးချစ်ကို၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်မှု့ကော်မတီဥက္ကဌ ဦးမောင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမင်းသန့်၊ ရေနံ့သာငါးလုပ်ငန်းစခန်း တာဝန်ခံ ဦးအေးလွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ပြီး ငါးမျိုးများစိုက်ထည့်ခဲ့ကြောင်း သိရသည်။