အဓိကအကြောင်းအရာသို့ သွားမည်
x

သနပ်ပင်မြို့နယ် ပဲခူး-စစ်တောင်းတူးမြောင်း သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်

ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်များနှင့် မြစ်ချောင်းအင်းအိုင်များအတွင်း ငါးသယံဇာတများရေရှည်စဉ်ဆက်မပြတ်စေရေးနှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာကို ပိုမိုစားသုံးနိုင်ရေးအတွက် သနပ်ပင်မြို့နယ်၊ ပဲခူး-စစ်တောင်းတူးမြောင်း သဘာဝ ရေပြင်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းအခမ်းအနားကို ဩဂုတ် ၁၇ ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် ကျင်းပခဲ့သည်။

          အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးစိုးမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်ငါးမျိုးစိုက် ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဌ ဦးသိန်းမြင့်အေးနှင့် ကော်မတီဝင်များ၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဆွေဆွေဝင်းနှင့်ဝန်ထမ်းများ၊ သနပ်ပင် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်စန်းစန်းဦးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး၊ သနပ်ပင်ငါးလုပ်ငန်းစခန်းမှ သားဖောက်ထုတ်လုပ် သော ၂ လက်မအရွယ် ငါးခုံးမကြီး ငါးသားပေါက် ကောင်ရေ ၁၀၀၀၀၀ ကောင်နှင့် ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ ၁၆၀၀၀၀ကောင် စုစုပေါင်း ငါးသားပေါက် ကောင်ရေ ၂၆၀၀၀၀ ကောင်အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။