အဓိကအကြောင်းအရာသို့ သွားမည်
x

ဓနုဖြူမြို့နယ် အကျော်ချောင်းမအတွင်း ငါးကောင်ရေ ငါးသိန်းမျိုးစိုက်ထည့်

ဓနုဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ သဘာဝ မြစ်ချောင်း၊ အင်းအိုင်များအတွင်း ငါးသယံဇာတများရေ ရှည်တည်တံ့စေရေး၊ ငါးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတကစေရေးနှင့် ဒေသတွင်း ကျေးလက်နေပြည်သူများ ငါးရိက္ခာများ ပိုမိုစားသုံးနိုင်ရေးရည်ရွယ်လျက် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို အကျော်ကျေးရွာ၊ အကျော်ချောင်းမ၌ ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်း (၉:ဝဝ) နာရီတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးဆန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဇော်မြင့်နိုင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးဒေါ်ကြူကြူသင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ငါးမျိုး စိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပန်းတနော်စခန်းတာဝန်ခံ ဒေါ်သင်းပပထွန်းနှင့် ဝန်ထမ်းများ၊ကျေးရွာအုပ်ချုပ်ရေးမှူး၊ အင်းသားကြီးများနှင့်ရေလုပ်သားကြီး များတက်ရောက်ကြပြီး(၂)လက်မအရွယ်ရှိသောငါးမြစ်ချင်း ကောင်ရေ ၂၀၀၀၀၀၊ ရွှေဝါငါးကြင်း ကောင်ရေ ၁၀၀၀၀၀ ၊ငါးခုံးမကြီးအကောင်ရေ ၂၀၀၀၀၀  စုစုပေါင်း ငါးကောင်ရေ ၅၀၀၀၀၀ အား မျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။