အဓိကအကြောင်းအရာသို့ သွားမည်
x

မအူပင်မြို့နယ် ပန်းတောရေထိန်းတံခါးအတွင်းသို့ ငါးမျိုးများစိုက်ထည့်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေရှည်စဉ်ဆက်မပြတ် ငါးသယံဇာတများ ဖွံဖြိုးတိုးတက် စေရေး၊ လူတစ်ဦးချင်းငါးစားသုံးမှုတိုးတက်စေရေးနှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပန်း​​တော ရေထိန်းတံခါး အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို (21.8.2021)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်း​ဒေသ​ကြီး မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးဆန်းဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင် မြို့နယ်ငါးမျိုးစိုက် ထည့်ခြင်း​​ကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရေလုပ်သား များ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး တလုပ်လှငါးလုပ်ငန်းစခန်းမှ (၂) လက်မအရွယ် ငါး​မြစ်ချင်းနှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ ၅၅၀၀၀၀ အား ပန်း​တော​ ရေထိန်း တံခါးအတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။