အဓိကအကြောင်းအရာသို့ သွားမည်
x

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ကျင်းပဖွင့်လှစ်ခြင်း

နေပြည်တော် အောက်တိုဘာ ၁၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ် (၁/၂၀၂၁)ကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ နို့စားနွား မွေးမြူရေးသရုပ်ပြနှင့် မျိုးဖြန့်ဖြူးရေးခြံ(နေပြည်တော်)သင်တန်းခန်းမနှင့် နေပြည်တော်၊ မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမတို့၌ (၁၀-၁၀-၂၀၂၁)ရက် နံနက်(၉)နာရီတွင် တပြိုင်နက်တည်း COVID-19 စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ကျင်းပခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ဌာနခွဲများမှ အရာထမ်းများ သင်တန်း သား/သူ (၃၂)ဦး တက်ရောက်ခဲ့ပြီး Online မှ သင်တန်းသား(၄)ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန၏ ပြည်သူ လူထုစားနပ်ရိက္ခာဖူလုံရေးတွင်  နိုင်ငံခြားပို့ကုန်အဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက်ဆိုင်ရာလုပ်ငန်းများ၊ ရောဂါအန္တရာယ်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်  နိုင်ငံတော်၏ စီးပွားရေးယန္တရားကြီးကို အထောက်အကူပြုဆောင်ရွက်မည့် ဝန်ထမ်းသစ်မောင်/ မယ်တို့အား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရည်မှန်း ချက်၊ လုပ်ငန်းစဉ်များနှင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို သိရှိစေရန်နှင့် ဌာနတွင်းလုပ်ငန်းများ ကို စနစ်တကျ သိရှိလိုက်နာဆောင်ရွက်တတ်စေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်ကြားပေး လိုက်သည့်သင်ခန်းစာပါ ပညာရပ်များသည် နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ရာတွင် အခြေခံကောင်းများ ရရှိစေအောင် ပျိုးထောင်ပေးခြင်းသာဖြစ်ပြီး အရည်အချင်းပြည့်ဝ၍ စွမ်းရည် မြင့်မားသော နိုင်ငံ့ဝန်ထမ်းများဖြစ်လာအောင် ဝန်ထမ်းသစ်မောင်မယ်တို့အနေဖြင့် ဆက်လက် ဆည်းပူးကြိုးပမ်းသွားကြဖို့ လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ ယန္တရားကြီး အောင်မြင်စွာ လည်ပတ် နိုင်ရေးနှင့် ပြည်သူလူထုလိုအပ်ချက်များကို ဝန်ဆောင်မှုပေးနိုင်ရေးအတွက် မောင်မယ်တို့က တာဝန်ယူဆောင်ရွက်ကြရမှာဖြစ်ကြောင်းဆွေးနွေးခဲ့ပြီး ဤသင်တန်းက  ပညာရပ်များနှင့် အလေ့ အကျင့်ကောင်းများကို အခြေခံပြီး လက်တွေ့လုပ်ငန်းခွင်နယ်ပယ်မှ အတွေ့အကြုံကောင်းများနှင့် ပေါင်းစပ်ပြီး အကျိုးရှိအောင် အသုံးပြုကြရန်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများပီပီ မိမိတို့၏ ဌာနဂုဏ်ကို ထိန်းသိမ်းခြင်းဖြင့် နိုင်ငံဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်ကြိုးပမ်းကြပါရန်၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမယ်” ဟူသော ဆောင်ပုဒ်နှင့်အညီ ဝန်ထမ်းကောင်းများ အဖြစ် ကျရာအခန်းကဏ္ဍမှ အဂတိတရားကင်းရှင်းစွာဖြင့် စိတ်စေတနာအပြည့်အဝထားရှိကာ ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက် နိုင်စွမ်းရှိသူများအဖြစ် အစဉ်ကြိုးပမ်းထမ်းဆောင်ပြီး နိုင်ငံ့တာဝန်များကို ရာထူးများ အဆင့်ဆင့် တိုးမြှင့်ခံစားကာ ထမ်းဆောင်နိုင်ကြစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ဆွေးနွေးခဲ့ပြီး သင်တန်းကို သင်တန်းအချိန်ဇယားအတိုင်း ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။

          ဤအကြိုသင်တန်းမှ အနာဂတ်ဌာနအတွက်၊ တိုင်းပြည်အတွက် ဂုဏ်ယူအားထားရသော၊ စည်းကမ်းကောင်းသော၊ အမိန့်နာခံမှုရှိသော၊ အရည်အသွေးပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်လာကြရန် မျှော်လင့်ရပါသည်။