အဓိကအကြောင်းအရာသို့ သွားမည်
x

ကျွဲ/နွားအရှင်ကုန်သွယ်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး Stakeholder အစည်းအဝေးကျင်းပခြင်း

နေပြည်တော် နိုဝင်ဘာ ၁၃

   မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ(၂၀၁၈)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မဲခေါင်-လန်ချန်းနိုင်ငံ များအကြား တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများအား တရားဝင်နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင် ရန်အတွက် တိရစ္ဆာန်ဆေးကုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပေးရေး စီမံကိန်း ၏ ကျွဲ/နွားအရှင်ကုန်သွယ်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး Stakeholder အစည်းအဝေးကို(၁၁-၁၁-၂၀၂၁)ရက် နှင့် (၁၂-၁၁-၂၀၂၁)ရက်တို့တွင် နံနက် (၉)နာရီမှ ညနေ(၄)နာရီထိ Virtual Meeting System ဖြင့် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဌာနခွဲမှ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်သည့် အရာထမ်း အမှုထမ်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကိုယ်စား လှယ်များ စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်ပ ပို့ကုန်/သွင်းကုန်ဆိုင်ရာလုပ်ငန်းများ၌ နယ်စပ်ဖြတ်ကျော်ရောဂါများ ကာကွယ်တားဆီးရေးလုပ် ငန်း၊ တိရစ္ဆာန်မှလူသို့ ကူးစက်နိုင်သည့်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့် ဆက်စပ် သည့်နည်းပညာ၊ အသိပညာများကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးလုပ်ငန်း များကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း၊ မွေးမြူထုတ်လုပ်မှု မြင့်မားရေးတွင် ကူးစက်ရောဂါထိန်းချုပ်ရေးလုပ်ငန်းသည် အရေးပါသောလုပ်ငန်းတစ်ရပ်ဖြစ် ကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများ တင်သွင်း/တင်ပို့ရာ တွင် ကူးစက်ရောဂါများကင်းရှင်းရေး စိစစ်နိုင်ရန်အတွက် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ် စောင့်ကြည့်စစ်ဆေးရေးစခန်းများ တည်ထောင်ထားရှိပြီး ပြည်ပပို့တိရစ္ဆာန်များကို ထိန်းသိမ်း ထားရှိခြင်း၊ လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ခြင်း၊ Veterinary Health Certificate  ထုတ်ပေး ခြင်း စသည့်လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးလျက်ရှိကြောင်းနှင့် ကျွဲ/နွားတိရစ္ဆာန်နှင့် တိရစ္ဆာန် ထွက်ပစ္စည်းများအား ပြည်ပသို့တင်ပို့ရာတွင် တင်ပို့သူများ၊ စစ်ဆေးသူများအနေဖြင့် Export လုပ်ငန်းစဉ်ဆိုင်ရာနှင့် Quarantine လုပ်ငန်းစဉ်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက် များကို ရှင်းလင်းစွာနားလည်သဘောပေါက်ပြီး လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရေးအတွက် ဤ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

          ကျွဲ/နွားအရှင် ကုန်သွယ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး Stakeholder အစည်းအဝေးကိုသက်ဆိုင်သည့်အရာထမ်းအမှုထမ်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကိုယ်စားလှယ်များဖြင့်  (၁၁-၁၁-၂၀၂၁)ရက်မှ (၁၂-၁၁-၂၀၂၁)ရက်ထိ (၂)ရက် ကြာ ကျင်းပခဲ့ပြီး နိုဝင်ဘာလအတွင်း  (၃)ကြိမ်အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။ အစည်းအဝေးတွင် မဲခေါင်-လန်ချန်းနိုင်ငံများအကြား တိရစ္ဆာန်ဆေးကုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပေးရေးစီမံကိန်းနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ GACCနှင့် ဆောင်ရွက်နေမှုအခြေအနေများ၊ Animal Quarantine Station ဗဟိုပြု ရောဂါထိန်း ချုပ်ရေးခြံ တည်ထောင်ခြင်း၊ သားသတ်ရုံ တည်ထောင်ခြင်းနှင့် အေးခဲအသားပြုပြင်ထုတ်လုပ် ခြင်း၊ တိရစ္ဆာန်ဆေးဝါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ တိရစ္ဆာန်အစာထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ တိရစ္ဆာန်သုံးပစ္စည်း ဖြန့်ဖြူးရောင်းချခြင်း၊ ပြောင်းချဉ်ဖတ် (Silage) တင်ပို့ ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အမိန့်ညွှန်ကြားချက်များ၊ ကျွဲ/နွားပြည်တွင်းသယ်ဆောင် ခြင်း၊ ပြည်ပတင်ပို့ခြင်းနှင့် စပ်လျဉ်းသည့်အချက်များ၊ တိရစ္ဆာန်ထိန်းသိမ်း စောင့်ကြည့်စစ်ဆေး ရေးစခန်း တည်ထောင်လုပ်ကိုင်ခြင်း၊ ရောဂါထိန်းချုပ်ရေးဇုန် လုပ်ငန်းဆိုင်ရာ စည်းကမ်းချက် များကို သက်ဆိုင်သူများက ဆွေးနွေးခဲ့ကြပါသည်။  အဆိုပါ Stakeholder အစည်းအဝေး  များကျင်းပခြင်းဖြင့် ကျွဲ/နွားအရှင်ကုန်သွယ်မှု လုပ်ငန်းစဉ်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များကို ကျွဲ/နွားအရှင်ကုန်သွယ်မှုနှင့် ဆက်စပ်သူများက ရှင်းလင်းစွာနားလည် သဘောပေါက်ပြီး ကျင့်သုံးလိုက်နာဆောင်ရွက်၍ ကုန်သွယ်မှုလုပ်ငန်း ချောမွေ့စွာဆောင်ရွက် လာနိုင်ခြင်း၊ ဌာနနှင့်ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာနိုင်ခြင်း၊ ကျွဲ/နွား တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်လာစေနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။