အဓိကအကြောင်းအရာသို့ သွားမည်
x

အမှတ်(၃)အလတ်စားစက်ပြင်အလုပ်ရုံ၊ မကွေးမြို့၌ လယ်ယာသုံးစက်ကိရိယာပြုပြင် ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်း ဖွင့်လှစ်ခြင်း

စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၃)အလတ်စားစက်ပြင်အလုပ်ရုံ၊ မကွေးမြို့၌ လယ်ယာသုံး စက်ကိရိယာပြုပြင်ထိန်းသိမ်းမှု(အခြေခံ) တောင်သူသင်တန်း အမှတ်စဉ် (၁/၂၀၂၁-၂၂)ဖွင့်ပွဲကို
(၂၀-၁-၂၀၂၂)ရက်နေ့ နံနက်(၁၀)နာရီတွင် အလတ်စားစက်ပြင်အလုပ်ရုံဝင်းအတွင်း ကျင်းပပြုလုပ် ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲသို့ စက်မှုလယ်ယာဦးစီးဌာန မကွေးတိုင်းဒေသကြီး တိုင်းဦးစီးဌာနမှူး၊
ဒု-တိုင်းဦးစီးဌာနမှူး နှင့် ဦးစီးအရာရှိများ၊ အမှတ်(၃)အလတ်စားစက်ပြင်အလုပ်ရုံ၊ အလုပ်ရုံမှူးနှင့် အရာထမ်းများ၊ အမှတ်(၂၉)စက်မှုလယ်ယာစခန်း-မကွေးမြို့ မြို့နယ်ဦးစီးဌာနမှူး၊ GBS Company မှ မန်နေဂျာနှင့် တာဝန်ရှိသူများ၊ တောင်သူသင်တန်းသား (၃၀)ဦးတို့ တက်ရောက်ကြပါသည်။

နိုင်ငံအတွင်းရှိ တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် တွေ့ကြုံနေရသော ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်း၊ လယ်ယာလုပ်သားရှားပါးခြင်းစသော အခက်အခဲများကြောင့် လယ်ယာသုံးစက်ကိရိယာ အမျိုးမျိုးအား ပိုမိုတိုးတက်သုံးစွဲလာရခြင်းနှင့် မိမိတို့ ကိုင်တွယ် အသုံးပြုလျက်ရှိသော စက်ကိရိယာများကို စနစ်တကျ ကိုင်တွယ် ပြုပြင်ထိန်းသိမ်းတတ်စေရန်၊ စက်သက်တမ်းပြည့် အသုံးပြုနိုင်ရန်နှင့် စက်ကိရိယာဆိုင်ရာ အခြေခံဗဟုသုတများရရှိစေရန် ရည်ရွယ်၍ တောင်သူအကျိုးပြု လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်း များအား ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ချက်ဖြင့် နှစ်စဉ်ဖွင့်လှစ် သင်ကြားပို့ချပေးလျက် ရှိကြောင်းသိရှိရပါသည်။

သင်တန်းကာလမှာ (၂၀-၁-၂၀၂၂)ရက်နေ့မှ (၁၆-၂-၂၀၂၂) ရက်နေ့ထိဖြစ်ပြီး  GBS Company မှတာဝန်ရှိသူများပူးပေါင်း၍ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ပါသည်။